ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Começar do início
                                    

"မနက်ပိုင်းလား"

ရွှီလော့ယန်က ဆိုဖာပေါ်က ကူရှင်ကိုလှမ်းယူလိုက်ပြီး စိုးရိမ်နေသည့်လေသံဖြင့် " တိဇီ သူအဲ့ဒီကမနက်စာကိုအသားကျပါမလား၊ချန်အန်းကအစားရွေးတဲ့လူလေ ဒါပေမယ့် သူမစားနိုင်တဲ့ဟာ မကြိုက်တဲ့ဟာနဲ့တွေ့ရင် သူကတခြားလူကိုလဲခိုင်းတာမဟုတ်ဘူး၊လုံး၀စားကိုမစားတော့တာ ဒီနည်းကသူကိုဗိုက်မပြည့်စေဘူးလေ"

လုတိက ပြန်မပြောနိုင်ခင်လေးမှာဘဲ ရွှီလော့ယန်ကဆက်ပြီး " သူကအအေးလည်းကြောက်တယ်၊ ဒါပေမယ့် ရာသီဥတုခန့်မှန်းချက်ကို ငါကြည့်ပြီးသွားပြီ၊ Bမြို့ထက် ကယ်လီဖိုးနီးယားက ပိုတောင်နွေးသေးတယ်"

စကားပြောနေရင်း ရွှီလော့ယန်တစ်ယောက်ငြိမ်ကျသွားပြီး ဆိုဖောပေါ်ပြန်လှဲချလိုက်သည်။လေကြောင့်နည်းနည်းလေးလှုပ်နေတဲ့ မီးဆိုင်းလေးအား ကြည့်လိုက်ကာ သူနှလုံးသားထဲ ချီချန်အန်းသောက်နေကျ လက်ဖက်ရည်အရသာလိုမျိုး ခါးသက်သက်ဖြစ်လာသည်။ပစိဖိတ်သမုုဒ္ဒရာကြီးတစ်ခုလုံးခြားကာ သူနှင့်ကွဲကွာနေတဲ့လူတစ်ယောက်ရှိနေသည်။

သူဘာမှမလုပ်နိုင်ပေမယ့် အဲ့ဒီလူနွေးနွေးထွေးထွေးဖြစ်နေရဲ့လား ကောင်းကောင်းစားရရဲ့လားဆိုတာကိုစိတ်ပူနေမိ၏။

သူက လှဲလျောင်းနေတဲ့ပုံစံကိုပြောင်းလိုက်ပြီးနောက် ရွှီလော့ယန်ကလုတိအားထပ်မေးလိုက်သည်။

"မင်း တစ်ယောက်ယောက်ကိုကြိုက်ဖူးလား"

လုတိက ရွှီလော့ယန်ရဲ့ခေါင်းစဉ်မြန်မြန်ပြောင်းသွားတာကို အသားကျနေပြီဖြစ်တာ‌ကြောင့် သူကအလေးအနက်ဖြင့်မှတ်မိဖို့ကြိုးစားလိုက်သည်။

"ကျွန်တော် မူကြိုအရွယ်လောက်တုန်းက ဘေးခန်းကငိုရတာကြိုက်တဲ့ကောင်မလေးကိုကြိုက်ဖူးတယ်၊ သူငိုသံကအရမ်းထူးခြားတယ်၊ အချိန်တိုင်းကြားနေရတာ"

"တိဇီ မင်းကအရမ်းတော်တာပဲ၊ဒါပေမယ့် ဒါကြီးက ကိုးကားဖို့အရမ်းဟောင်းနေပြီ၊တခြားဟာကိုပြောင်းပြော"

"လောလောလတ်လတ်လား" လုတိရဲ့ဂျုံရောင်အသားရေကနည်းနည်းနီလာသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Onde histórias criam vida. Descubra agora