A Silent Connection

112 24 3
                                        

[ဤဝတ္ထုသည် စိတ်ကူးယဥ်သက်သက်သာဖြစ်သောကြောင့်မည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်နစ်နာစေလိုခြင်းမရှိပါ။]

အချစ်ဇာတ်လမ်းလေးတွေတော်တော်များများဟာ အထက်တန်းကျောင်းဆိုသည့် နေရာလေးမှစကြသည်။ လူတစ်ယောက်၏ ပထမဆုံးအချစ် (First love) ကိုအထက်တန်းကျောင်းမှာရှာတွေ့ခဲ့ကြတာမျိုးလည်းရှိကြသည်။ ထိုထဲမှ 2% သောလူတွေကသာ အထက်တန်းကျောင်းကအချစ်ဦးနဲ့ သက်ဆုံးတိုင်လက်တွဲသွားနိုင်ကြသည်။

ဒါဆိုကျန်တယ့်ရာခိုင်နှုန်းတွေထဲက လူတွေရဲ့အထက်တန်းကျောင်းအချစ်ဇာတ်လမ်းတွေဟာ ဘယ်လိုအဆုံးသတ်သွားကြမလဲ။ ဘယ်လိုစတင်ကြမလဲ။

စိန့်ဖလိုမီနာဆိုသည့် ကွန်ဗင့်အထက်တန်းကျောင်းဟာ မိန်းကလေးသီးသန့်ကျောင်းဖြစ်သည့်အလျောက် တူညီသည့် gender ကြားမှာဖြစ်ပေါ်လာသော ခံစားချက်တွေ၊ဆက်ဆံရေးတွေအများကြီးရှိခဲ့သည်။ ယခုထိလည်းရှိနေကြဆဲဖြစ်သည်။

အချို့ကမြင်ပါများ၍ ခံစားချက်ပေါ်လာသည်။ အချို့က လက်တည့်စမ်းချင်ကြသည်။ အချို့ကတော့နှလုံးသားတစ်ခုလုံးပုံအပ်ခဲ့ရသည်။

........

"လိုက်ခဲ့ပါဟာ တစ်ယောက်တည်းသွားရမှာလား"

"နေပါဦး ပွဲကကောင်းနေတုန်းကို"

"ဟုတ်သားပဲ သံစဥ်ကလည်း"

ဆရာမအစည်းအဝေးသွားချိန် UNOဆော့နေကြသည့် ဆုမြတ်နဲ့ မြင့်မိုရ်က သူငယ်ချင်းဖြစ်သည်သူ၏ အခေါ်ကိုအတူတူသံပြိုင်ငြင်းဆိုနေကြသည်။

"ဒါဆိုလည်း လီယာလိုက်ခဲ့တော့"

ပုံဆွဲနေသည့်ယူလီယာ့ကို လက်ညှိုးထိုးရင်းပြောလိုက်တော့ ယူလီယာကခေါင်းမော့လာသည်။

"အို အိမ်သာကဖြင့် တို့တွေအဆောင်နဲ့ဝေးတာမှမဟုတ်ပဲ"

အခန်းအပြင်ထွက်ပြီးဆယ်လှမ်းလောက်မျှသာလျှောက်ရုံဖြင့် ရောက်သည့်အိမ်သာကို အတူတူသွားဖို့အဖော်စပ်နေသောသံစဥ်၏ အခေါ်ကိုယူလီယာက ထပ်ငြင်းသည်။

"ဆရာမကတစ်ယောက်တည်းမသွားရဘူးလို့မှာထားတာလေ မတော်လို့အိမ်သာမှာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

A Silent Connection Where stories live. Discover now