အပိုင်း(၃၃) zawgyi

Start from the beginning
                                    

' အခုလိုရုတ်တရက်ထွက်သွားမိလို့ တောင်းပန်ပါတယ်မောင်... စိတ်ချပါ ကုမ္ပဏီကို ငါပြန်ရအောင်ယူပေးမှာမို့ အခုတော့ငါ့ကိုမရှာသေးနဲ့ဦး စောင့်နေတာမျိုးလည်းမလုပ်ပါနဲ့ အချိန်တန်ရင်ပြန်လာခဲ့မှာမို့ စောင့်နေပေးပါ ချစ်တယ်မောင်... ' တဲ့လေ။

စာရွက်ကိုကြည့်ရင်း ဝဲတက်လာသည့်မျက်ရည်များက စာရွက်ပေါ်သို့ကျရောက်သွားတော့သည်။ စာရွက်ပေါ်သို့ကျလာသောမျက်ရည်စက်ကြောင့် မေမေက စိုးရိမ်စွာ စာရွက်ကို ဆွဲယူလိုက်သည်။

" ဟင် ဘယ်လိုဖြစ်ရပြန်တာလဲ သားကြီးက ဘယ်ကိုထွက်သွားရပြန်တာလဲ တစ်ယောက်ပြီးတစ်ယောက်။ အခု မေမေတို့ဘဲကျန်တော့တယ်။ "

" ဟင့်အင်း လွန်း.. လွန်းကိုတွေ့ချင်တယ်မေမေ သူပြန်လာမှာမလားဟင် "

" ပြန်လာမှာပါသားရယ် ခနလောက်တော့ စောင့်ကြည့်ကြရအောင်နော်သား မငိုပါနဲ့ "

အသံတိတ်ရှိုက်ငိုနေသော သားငယ်၏ပုံစံအား အခုမှမြင်ဖူးတာကြောင့် စိတ်မကောင်းဖြစ်မိသည်။ ဘယ်သူ့ကြောင့်နဲ့မှမခံစားဖူး၊မငိုဖူးတဲ့သားက လွန်းငယ်နဲ့ပတ်သက်လျှင် ခံစားလွယ်သည်။

သားငယ်၏ပုခုံးအား အသာပွတ်ပေးကာ ချော့မြူရင်း သူမပါလိုက်ငိုမိတော့သည်။

( မောင့်ကိုထားမသွားပါနဲ့ မောင့်ဘေးမှာမင်းမရှိရင် မောင်သေလိမ့်မယ် အချစ်ရယ် )

~~~~~

" ဟက်! ခုချိန်လောက်ဆို ဟိုမိသားစုဘယ်လောက်တောင်များ ကမ္ဘာပျက်နေလိမ့်မလဲ "

" မမလေး သူတို့ကုမ္ပဏီဒေဝါလီခံလိုက်ရပြီတဲ့ "

" ဘယ်လိုတောင် ဝမ်းနည်းဖို့ကောင်းလိုက်သလဲ လွန်းငယ်နင်က ငါပိုင်ဆိုင်ရမဲ့အရာကို လုယူသွားခဲ့တာ အခုအလျော်အနေနဲ့ နင်တို့ဘဝ‌ကြီးကို ငါကစုတ်ပြတ်သတ်အောင်လုပ်ပေးမယ် ဟားဟား "

လွန်းတို့ထဲဖြစ်ပျက်နေသော အချင်းအရာများကို လုပ်ခဲ့သော သူမသည် ရယ်မောကာ ပျော်ရွှင်နေသည်။ သူမကတော့ ရှိုင်းနှင့်အတူပြင်သစ်တွင် အတန်းအတူတက်ခဲ့ရသော ကောင်မလေးSolomon...

MY Bad Elder Brother...Where stories live. Discover now