လုပ်နေသည့်မျက်နှာထားကမသိရင်သူကမတ
ရား အနိုင်ကျင့်ခံနေရသလိုလို နဲ့ ။ တကယ့်ကောင်

'' မရဘူး... မင်းဆိုရင်ရော ငါတခြားတယောက်
နဲ့ အိပ်နေရင် ခွင့်လွတ်တာတွေ နားလည်တာတွေ
လုပ်ပေးနိုင်မှာလား... ''

'' မလုပ်ပေးနိုင်ပါဘူး ''

ရုပ်က ချက်ချင်းကြီး ဒဿဂီရိရုပ်ပြောင်းသွား
လေသည် ။

'' အေးလေ အဲ့ဒါဆိုငါ့ကိုလည်း ဘာမှလာမပြော
နဲ့... ''

ပြောပြီး ရှင်းဇွတ်ထဖို့လုပ်ပေမဲ့မအောင်မြင်ပဲ
လင်းရှိန် က ပြီတီတီမျက်နှာကြီးဖြင့်

''ကျုပ်က ခင်ဗျားကိုချစ်နေလို့အဲ့လိုမလုပ်
ပေးနိုင်တာလေ... မဟုတ်မှ ခင်ဗျားရော....''

လင်းရှိန်က ပါးစပ်ကိုပါ လက်ဖြင့်အုပ်ကာအံ့
သြသည့်ပုံစံကိုအပီအပြင်သရုပ်ဆောင်နေ
လေသည် ။ ရှင်းမျက်နှာသည်လည်းတဖြည်း
ဖြည်းနီဆွေးလာရကာ သူ့လက်တွေလွတ်နေ
တုန်း ခပ်မြန်မြန်ပဲရင်ခွင်ထဲကအတင်းထကာ

'' အကျင့်မကောင်းတဲ့အကောင်!''

အားကြီးနှင့်အော်ချပြီးရေချိုးခန်းထဲသို့တန်း
နေအောင်ပြေးရပါတော့သည် ။ ရှင်း ထိုကောင်
လေးနား ကြာကြာနေရင်နှလုံးခုန်ရပ်ပြီးသေရ
လိမ့်မည် ။ နှလုံးခုန်မြန်လွန်းပြီး အသက်ရူပင်မ
ဝသလိုလို ဖြစ်ကာခြေတောက်များပင်မခိုင်ချင်
တော့..... ။ ရင်ဘက်ကိုလက်နှင့်ဖိကာရေချိုးခန်း
တံကားကိုမှီပြီးထိုင်ချလိုက်ရတော့သည် ။ ရှင်း
ကဒီကောင်လေးနဲ့ ဒီထက်ပိုတဲ့အခြေအနေတွေ
ကိုဖြတ်သန်းခဲ့ဖူးပါလျက်နှင့် အခုမှဘာကြောင့်
ဒီလိုဖြစ်နေရပါသနည်း ။

ဒေါက်.. ဒေါက်...

''ကိုကို...ကြာနေပြီလေဗျာ...ထွက်ခဲ့တော့လေ
ရေချိုးခန်းထဲမှာ ပဲနေတော့မလို့လား ''

'' မင်းအရင်အခန်းထဲကထွက်! ''

လက်စသတ်တော​့ ထိုလူကလင်းရှိန်ကိုရှက်
နေခြင်းပင် ။ အဟားးးး အသဲတွေအူတွေယား
လိုက်တာကွာ.... ။

'' အာ... ဟုတ်ပါပြီ ယောက်ကျားလေးတို့သ
ဘာဝ ရည်းစားစကားအပြောခံရတော့ ရှက်
မယ်ဆိုတာ ကျုပ်နားလည်ပါတယ်... ''

''မင်းကြီးတော်ကိုသွားပြော..''

''ဒါ ရှက်ရမ်းရမ်းနေတာပေါ​့ အင်းပါအင်းပါ
ကျုပ်အချစ်လေးရေချိုးခန်းထဲမှာအကြာကြီး
နေရင်ဖျားမှာဆိုးလို့ချစ်တဲ့သူကပဲအလျော့ပေး
ပြီး သွားပေးမယ်နော်''

ဒီကောင်က ပန်းနုသွေးဇာက်ခင်းရမယ်ဆိုသူ့
အပြင်နှစ်ယောက်မရှိ ။

'' ခင်ဗျား ကျုပ်လက်ထဲကအကြာကြီးပြေးမ
လွတ်ပါဘူး ကိုကိုရဲ့ အဖြေပေးဖို့တွေးထား..
သွားပြီ''

ရူးနေလို့အဖြေကပေးရမှာလား... ?

............................................................

''ဟယ်လို ယောက်ဖလေး..''

ကိုစိုင်းဆီကဖုန်းမို့ကိုင်ကိုင်လိုက်ခြင်းထွက်
လာသောအခေါ်အဝေါ်ကြောင့် ရှင်းမျက်လုံး
ပြူးသွားရ၏ ။

'' အာ... အကိုကလဲဗျာ.. ''

''ဟားဟား... စတာပါကွာ.. ညီညီကိုအတွေ့မ
ခံဘူးဆို ဒီမှာ လဒ ရုပ်နဲ့လာမိူင်ပြီးပြောနေ
တယ်ကွ... ''

''သူလား လဒရုပ်ဖြစ်နေမှာ သူ့ကို ဒါဒါဆီပို့
ပေးလိုက် ကိုစိုင်း.... ''

''ခင်ဗျားက ကိုကိုကြီးဆီပဲလာချင်လို့လား''

ရှင်းက ကိုစိုင်းပဲရှိတယ်ထင်၍ပြောလိုက်ခြင်း
ဖြစ်ပေမဲ့ ဘောက်ဆတ်ဆတ်ထွက်လာသောလင်း
ရှိန်အသံကြောင့် ဇက်လေးပင် ပုဝင်သွားရ၏ ။

''ငါမင်းနဲ့မပြောဘူး ''

'' ကျစ်! ဒီယံရှင်း ခင်ဗျားကတော့ အဲ့လောက်
စွာရဲနေတာပေါ့ ဟုတ်လား အခုအိမ်အပြင်ထွက်
လာခဲ့လိုက် တွေ့မယ်''

'' ဆုတောင်းလေ... ! ''

''ဟာကွာ ဒီကလေးတွေ ကောင်းကောင်းပြော
ကြမှပေါ့ ''

''သူက ကောင်းကောင်းပြောရင်နားမလည်ဘူး
ကိုစိုင်းရဲ့ ဒါပဲနော် သူမရှိမှ ခေါ်''

ပြောပြီး ရှင်း ဖုန်းကို တီကနဲ့ချပစ်လိုက်သည်
လင်းရှိန်လည်း အံကြီးကြိတ်ပြီးသာ အီလည်
လည်ကျန်နေခဲ့ရ၏ ။ လုပ်ထား ဒီယံရှင်း ကျုပ်
နဲ့တွေ့အုံးမယ်ခင်ဗျား!

...............................................................

ညားတဲ့အခန်းလေးမြန်မြန်ရေးပေးလို့မရဘူး
လားဆိုတဲ့ စာဖတ်သူလေးအတွက် ကလိကလိ
ဖြစ်စေချင်လို့ ဖြေးဖြေးချင်းရေးနေပါတယ်လို့
😛😛😛😛 .... ဟဲဟဲ... နောက်တာပါဗျာ.......
Love you all 😘🖤

BLANK-ကွက်လပ်Where stories live. Discover now