'' အင်းလေ ငါမှမမှတ်မိတာ... မှတ်မိမိ မမိမိ
မင်းကိုဆို No ပဲ.... ''

ရှင်းက နှာခေါင်းပါတွန့်ရင်းအားကြီးနဲ့ပြောချ
လိုက်သည်မို့ လင်းရှိန် နင်သွားရ၏ ။

'' ဟာဗျာ... ဒီရုပ်ဒီရည်လေးကို ငြင်းတော့မလို့
လား... ''

'' မင်းရုပ်က ဘာမက်မောစရာရှိလို့လဲ အံ့သြဘ''

ရှင်းပြောပြောချလိုက်မှပဲ လင်းရှိန်လည်း ကိုယ်
ကပဲရုပ်ဆိုးနေလေသလားဟု ပထမဆုံးအကြိမ်
သံသယ ဝင်လာမိရ၏ ။ သို့ပေမဲ့ တက္ကသိုလ်တုန်းက သူ Major king ပဲ ရုပ်ဆိုးစရာအ
ကြောင်းမရှိ ။

''မက်မက် မမက်မက် ပြန်တော့ကြိုက်ရမယ်
သူများက ကြိုက်နေတာကို ပြန်မကြိုက်ရင်လူ
မူရေးခေါင်းပါးရာကျတယ်လေ ကိုကိုရာ... ''

လင်းရှိန် ကအပီအပြင်တော်ကီပစ်သည် ။
ရှင်းကလဲ

'' လာကြိုက်တိုင်းပြန်ကြိုက်ရရင် ငါကလေး၁၂
ယောက်အဖေဖြစ်တာကြာနေပြီ... မင်းအဓိပ္ပယ်
မရှိတာတွေဆက်ပြောနေမယ်ဆိုငါ့အဆိုးမဆိုနဲ့''

လူကသာ ဒီကောင့်ရင်ခွင်ထဲကလွတ်အောင်မရုန်း
နိုင်တာ စကားပြောတာတော့အကြီးကြီး ။

'' ခင်ဗျားကို ချစ်တဲ့အကြောင်းပြောတာထက်
အဓိပ္ပါယ် ရှိတဲ့စကား ရှိပါအုံးမလား...ဟင် ''

လင်းရှိန်က ရွတ်နောက်နောက်ပြောနေရာမှရုပ်
တည်တည်ဖြင့် ရှင်းမျက်လုံးများကိုစိုက်ကြည့်
ပြီးပြောလာတော့ ရုတ်တရက် နူတ်ခမ်းကိုကိုက်
လိုက်မိပြီး လက်များက သူ့အင်္ကျီဆများကိုတင်း
ကြပ်စွာဆုပ်ကိုင်လိုက်မိသလို ရင်ဘက်ထဲကတ
ဒုန်းဒုန်းနှင့်ရင်ခုန်သံသည်လည်း အပြင်သို့ပေါက်
ထွက်မတက်..... ။

'' ကျုပ်လေ ခင်ဗျားကို သိပ်ချစ်တာပဲ...ပြွတ်စ်!''

လင်းရှိန် ပြောသမျှကို နူတ်ခမ်းကိုက်ပြီးမျက်လုံး
ပြူးပြူးလေးဖြင့်ကြည့်နေသောကြောင့် အူယား
ကာသူ့နူတ်ခမ်းများကို အသံထွက်သည်အထိငုံ
စုပ်ပစ်လိုက်မိသည် ။

'' ကျုပ်မှားခဲ့ပါတယ် ခင်ဗျားက အကြီးပဲ ခွင့်
လွတ်ပေးလို့မရဘူးလား... ဟင်... ''

BLANK-ကွက်လပ်Where stories live. Discover now