ယွန်းဆောကို မနက်စောစောစီးစီးဘာတွေပြောဦးမလဲ မသိပေမယ့် အမေဖြစ်နေတာမလို့ တံခါးမဖွင့်ပေးလို့လဲ မရဘူးမလား

"ဟယ် သားကဘယ်သွားမလို့လဲ အစောကြီး"

"သူငယ်ချင်းအိမ်ပါ စာလုပ်စရာရှိလို့"

"အရင်ကလည်း တစ်ယောက်တည်း လုပ်နေကျပဲကို အခုမှဘာလို့ သူများအိမ်သွားမှာလဲ ဒီနေ့ မင်းအဖေလဲ အလုပ်ပိတ်တာ အိမ်မှာပဲ နေပါလား"

"ချိန်းထားပြီးသား ဖျက်လို့မရဘူး"

"ဆောလေး သားအခုတစ်လော အခြားသူတစ်ယောက်အတိုင်းပဲနော်"

"အဲ့တော့ အမေတို့က ဘာလိုချင်တာလဲ အပြင်သွားတာလား မသွားတာလား မသွားတုန်းကလဲ အပြင်ပဲ ဇွတ်သွားခိုင်းပြီး အပြင်ထွက်တော့လဲ အိမ်မှာပဲနေတဲ့ အမေတို့အလို ဂျီယွန်းဆော မလိုက်နိုင်တော့ဘူး"

ယွန်းဆော အမေ့ကိုအဲ့လိုပြောတာ မှားမှန်းသိပေမယ့်လည်း စကားကုန်ပြောပြီး လွယ်အိတ်ဆွဲကာ ထွက်လာလိုက်တယ် သေချာပေါက် 8 နာရီတော့ မထိုးသေးဘူးပေါ့

"ဂျီယွန်းဆော ဘယ်သွားမလို့လဲ"

အဖေ့ရဲ့ အမေးကို ထွေထွေထူးထူဖြေမနေပဲ ယွန်းဆောအိမ်ကနေထွက်လာလိုက်တယ် ချိန်းထားတဲ့ နေရာကိုရောက်တော့ ဂျောင်ဟျွန်းက မရောက်သေးဘူး အေးလေ ချိန်းထားတာက 8 နာရီအခုမှ 7 နာရီခွဲလောက်ပဲရှိသေးတော့ ဘယ်ရောက်ပါဦးမလဲ ဒါမဲ့လည်း ယွန်းဆော အထင်က မှားခဲ့တယ်

"ယွန်းဆော"

ယွန်းဆော ဂျောင်ဟျွန်းကို တွေ့တော့ အံ့ဩတကြီး စိုက်ကြည့်နေမိတယ် အစောကြီးရှိသေးတာကို

"မင်း ဘာလို့စောရောက်နေတာလဲ"

"အော် ငါလာတာ နည်းနည်းစောသွားတာလေ မင်းကရော ဘာလို့အစောကြီးထွက်စောင့်နေတာလဲ"

"အိမ်နဲ့ ပြဿနာတက်လာလို့"

"ဘာပဲဖြစ်ဖြစ် ကွတ်တိဖြစ်သွားတာပေါ့ နှစ်ယောက်လုံး စောင့်နေစရာမလိုတော့ဘူးလေ လာ သွားကြမယ်"

ယွန်းဆော ဂျောင်ဟျွန်းခေါ်တဲ့နောက်ကိုလိုက်လာတာ ဘတ်စ်ကားကို 28 မိနစ်လောက်စီး လမ်းအသေးလေး 5 မိနစ်လောက်ဝင်ပြီး ဂျောင်ဟျွန်းအိမ်ကို ရောက်လာခဲ့တယ် ဂျောင်ဟျွန်းအိမ်က ပုံမှန် 2ထပ်တိုက်လေးပေမယ့် ဝရံတာမှာရော အိမ်ဝင်ဝမှာပါ အပင်လေးတွေစိုက်ထားပြီး ချစ်စရာလေး

My Hidden Crush Where stories live. Discover now