"ဆရာမ"

"ပြောလေသားလေး"

"ကျတော်တို့ စာပဲသင်ကြရအောင်နော်"

ဆရာမ မှာ အင်တင်တင် ဖြစ်သွားတာ ဟျောင်းဝန်းရော ဆွန်းအွန်းပါ သတိထားမိသွားတာမလို့ ဘာမှဝင်ပြောမနေပဲ စာအုပ်ထဲသာ ခေါင်းစိုက်ထားလိုက်တယ်

"ဆွန်းအွန်း"

"ဟင်"

"မင်းပြန်တဲ့အခါကျ ငါဟိုနေ့က အစာကျွေးတဲ့ ကြောင်လေးတွေဆီဝင်လို့ရမလား သူတို့ကိုအစာကျွေးပေးပါဦး ငါ့ကိုလာကြိုမှာမလို့"

"ရတယ်လေ"

"ရော့ အစာထုတ်"

"အိုကေအိုကေ အဲ့တာဆို ငါသွားနှင့်ပြီ"

ဆွန်းအွန်းသွားတော့ ဟျောင်းဝန်းနဲ့ ယွန်းဆောသာ ကားစောင့်ရင်း ကျန်နေခဲ့ကြတယ်

"ယွန်းဆော"

"..."

"မင်း ရည်းစားရနေတာလား"

တစ်ခါမှ မကြားဖူးတဲ့ တည်တည်ငြိမ်ငြိမ်လေသံက ဟျောင်းဝန်းဆီကထွက်လာတာမလို့ ယွန်းဆော အံ့ဩခြင်းများစွာနဲ့ ဟျောင်းဝန်းကိုကြည့်နေမိတယ်

"ဘာလို့မေးတာလဲ"

"မင်းအရင်ကနဲ့မတူတော့လို့လေ"

"အဖေက မင်းကိုစောင့်ကြည့်ခိုင်းထားတာလား"

"မဟုတ်ပါဘူး ငါဦးလေးနဲ့မှ မတွေ့ဖြစ်တာ"

"ငါရည်းစားရနေတာမဟုတ်လို့ အရေးမပါတာတွေ လိုက်မေးမနေနဲ့ ငါရည်းစားရရင်တောင် မင်းနဲ့မဆိုင်ဘူးလေ"

"ငါသိတယ်ဒါပေမယ့်"

"မင်းကိုလာကြိုပြီ သွားလိုက်တော့"

စကား‌ေတာင်မဆုံးသေး လာကြိုတဲ့ကားကြောင့် ဟျောင်းဝန်းပြောလက်စကို အပြတ်ဖျက်ခဲ့ရတယ်

"မနက်ဖြန်မှတွေ့မယ်နော် ယွန်းဆော"

"အင်း"

ဟျောင်းဝန်းရော ဆွန်းအွန်းရော ပြန်သွားပြီမလို့ ယွန်းဆော တစ်ယောက်တည်းသာ ကျန်ရှိနေတော့တယ် ယွန်းဆော ဒီအခြေအနေကို သဘောကျပါတယ် စကားပြောစရာမလို တစ်ယောက်တည်းရှိနေတဲ့အချိန်ကိုလေ

My Hidden Crush Where stories live. Discover now