မျက်နှာ သိပ်မလန်းသော ရှင်းကိုကြည့်ကာစိုင်း
ဝေယံကို ခေါင်းခါလိုက်ရင်း

'' ရှင်းလေး ''

'' ဗျာ... ''

အကိုရဲ့တည်ငြိမ်လွန်းတဲ့ခေါ်သံကြောင့် ရှင်း
အကျီဒီဇိုင်းပုံကိုအာရုံစိုက်ချင်ယောင်ဆောင်
နေရာမှ အကို့ကိုမော့ကြည့်ရတော့၏ ။ အကို့
မျင်ဝန်းများထဲ၌ ညီငယ်လေးတစ်ယောက်၏
ပြသနာကိုဖြေရှင်းပေးတော့မည့် အကိုကြီးတစ်
ယောက်၏ စိတ်ထားကအပြည့်.....။

'' ရှင်းလေးမှာလဲ အပေါင်းအသင်းကသိပ်ရှိတာ
မဟုတ်ဘူး ညီအကိုမောင်နှမဆိုတာလဲ မရှိဘူး
ဒါပေမဲ့ အကို့ကိုတော့ မင်းရဲ့အကိုအရင်းလိုသ
ဘောထားပြီး ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရပါ
တယ်... အကိုက မင်းမထိခိုက်နိုင်မဲ့နည်းလမ်းမျိုး
ကိုတော့ အကြံပေးနိုင်လိမ့်မယ်ထင်တာပါပဲ... ''

ကိုစိုင်းစကားကိုကြားတော့ ရှင်းမှာ ငိုချင်သည့်
ကလေးကိူ လက်တို့မိလိုက်သလိုမျိုး မျက်ရည်
ကချက်ချင်းလည်လာရ၏ ။ ဟုတ်သည် ရှင်းမှာ
တိုင်ပင်စရာဆို ကိုစိုင်းပဲရှိသည် ။ ရှင်းရဲ့အား
နည်းချက်အများစုကို နားလည်ပေးခဲ့တာရော ၊ ရှင်းတကယ် အကူအညီလိုအပ်နေချိန်မှာ ကာကွယ်ပေးခဲ့တာရောက ကိုစိုင်းပဲ ။ ကိုစိုင်းရဲ့ခြေတောက်တွေပုံမှန်လို မသွားလာနိုင်သေးတာဟာလည်း ရှင်းကြောင့် ။

'' ဟို... ရှင်းလေ... အဟင့်... ''

စကားမဆုံးခင် မျက်ရည်များပျိုကျလာကာအသံ
ထွက်သည်အထိ ငိုချပစ်လိုက်မိတော့သည် ။ လင်းရှိန် သူ့ကိုအကြမ်းပတမ်း ကိုင်ဆောင့်ထားသည့်ကြားမှ လင်းရှိန်အိပ်ပျော်သည်နှင့် ​မှောင်မှောင်မဲမဲထဲ လမ်းလျှောက်ပြီး ကားဂိတ်အထိသွားခဲ့ရ၏ ။အိမ်ရောက်ပြန်တော့လည်း မေမေ
မရိပ်မိအောင်နေခဲ့ရသည်နှင့် ရှင်းတကယ်ကို ပင်ပန်းနေပြီဖြစ်ပါသည် ။ ရှင်းငိုတော့ အကိုက
ပုခုံးလေးကိုဖွဖွပုတ်ပေးလာသည် ။

ရှင်းအကို့ရှေ့ထိုင်ချလိုက်ရင်း အကို့ရင်ခွင်ထဲ
ကိုခေါင်းတိုးဝင်မိတော့ အကိုက ခေါင်းလေးကို
ညင်ညင်သာသာလေးပွတ်သပ်ပေးကာ

BLANK-ကွက်လပ်Where stories live. Discover now