အရှေ့ကနေ ဦးဆောင်သွားတဲ့ ဂျောင်ဟျွန်းကို ယွန်းဆော အနောက်ကနေ ကြည့်နေပြီး

"ဘယ်နားလဲဆိုတာ မင်းသိလို့လား"

ဆိုပြီး လှမ်းအော်တော့ နောက်လှည့်ကြည့်ပြီး ခေါင်းကုတ်ကာ

"မသိဘူးလေ ဟီး"

ယွန်းဆော မနိုင်ဘူး ဆိုတဲ့အကြည့်နဲ့သာ ခေါင်းခါပြလိုက်ပြီး ရှေ့ကနေထွက်သွားလေရဲ့

Study cafe ရောက်တော့ ယွန်းဆောက စာရှင်းပြဖို့လုပ်ပေမယ့် ‌ဂျောင်ဟျွန်းကတော့ စားဖို့ကိုအရင်တွေးတယ်

"မင်း နောက်မှစား ငါရှင်းပြတာတွေနားလည်မှ မင်းကိုစားခိုင်းမယ်"

"အယ် ယွန်းဆော မင်းကလဲ အဲ့တာကြီးကျ"

"ထိုင်လိုက်"

"ဟုတ်"

ဟျောင်းဝန်းဘာလို့ယွန်းဆောကို ကြောက်မှန်း ဂျောင်ဟျွန်းနားလည်သွားပါပြီ အကြည့်တစ်ချက်က ပြာကျသွားစေနိုင်တယ်

"သင်္ချာအရင်စရအောင် အဲ့တာက အမှတ်ပြည့်ပေးတဲ့ တစ်ခုတည်းသော ဘာသာပဲ"

"မင်းကြိုက်တာ သင်ပေး"

ယွန်းဆော သင်္ချာတစ်ပုဒ်ကို အရင်ရှင်းပြတယ် မွန်းဂျောင်ဟျွန်းရတော့ စာအုပ်ကိုမကြည့်ပဲ ရှင်းပြတဲ့လူရဲ့ မျက်နှာကို ထိုင်ကြည့်နေလေရဲ့ ခေါင်းငုံ့လိုက်ရင် ကျနေတဲ့ ယွန်းဆောရဲ့ ဆံပင်ရှည်လေးတွေကို သပ်တင်ပေးရင်း

"ယွန်းဆော"

"အွန်း"

"မင်းဆံပင်က တော်တော်ရှည်နေပြီ"

"ငါသဘောကျလို့လေ"

"ဆံပင်ရှည်ကြိုက်တာလား"

"ဟိုလိုအရှည်ကြီးကို ကြိုက်တာမဟုတ်ပါဘူး ဒီအနေအထားလေးကိုပဲကြိုက်တာ"

"ငါလည်းကြိုက်တယ်"

"ဟင်"

ယွန်းဆော ဂျောင်ဟျွန်းကို မော့ကြည့်လိုက်တယ် ဂျောင်ဟျွန်းလက်တွေက ယွန်းဆော ဆံသား‌ထက်မှာရှိနေတုန်း

"ငါပြောချင်တာက ငါလဲ မင်း‌ဆံပင်ပုံစံကိုကြိုက်တယ်လို့ပြောတာပါ"

My Hidden Crush Where stories live. Discover now