16

1.3K 214 2
                                    

Chapter 16

အွန်လိုင်းမှကြိုတင်စာရင်းသွင်းထားကြသော ပရိသတ်များအနက် ဖျော်ဖြေ‌ပွဲအတွက်လာရောက်ကြည့်ရှုကြမည့် ကြည့်ရှုသူဦးရေ အယောက် ၅၀၀ကို ပရိုဂရမ်အဖွဲ့မှကျပန်းရွေးချယ်ခဲ့ပြီး အိုင်ဒေါလ်အသီးသီး၏မိသားစုပရိသတ်များပါရှိလေသည်။

ဖျော်ဖြေပွဲအစီအစဉ် စတင်သည်ကိုကြားသောအခါ သူတို့သည် သူတို့၏အိုင်ဒေါလ်များကိုထောက်ပံ့ရန်အလို့ငှာ သူတို့၏လက်ထဲတွင် မီးလင်းဆိုင်းဘုတ်များ နှင့် မီးလင်းမီးချောင်းများကို ချက်ချင်းဖွင့်လိုက်ကြသည်။ တခဏအတွင်းမှာပင် မူလက မဲမှောင်နေသည့်ခန်းမအတွင်း အရောင်အသွေးမျိုးစုံ စုံလင်လှသည့် ခပ်မှိန်မျှန်ကြယ်အလင်းတန်းလေးများစုဝေးနေသလိုဖြစ်လာကြသည်။

ပရိတ်သတ်များ၏ စိတ်အားထက်သန်စွာ အော်ဟစ်သံများအကြား Hostသည် ဖွင့်ပွဲစတင်ကြောင်းကြေညာပြီးနောက် နည်းပြဆရာများ၏အမည်များကို ဖတ်ပြကာ စင်မြင့်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်ဖိတ်‌ခေါ်ခဲ့သည်။

နည်းပြလေးယောက်သည် ပရိသတ်အတွက် သူစိမ်းတွေမဟုတ်ကြပေ။ အထူးသဖြင့် ဖိန်ချုံသည်  အခုချိန်ထိ ရေပန်းစားနေတဲ့ Idol တစ်ယောက်ဖြစ်ကာ ဒီတကြိမ်မှာတော့ ခန်းမထဲ၌ သူ့ ပရိသတ်တွေ အများကြီးပါရှိသည်။ သူ့ကို စင်ပေါ်မှာတွေ့သည်နှင့် သူ့ကိုထောက်ခံဖို့အတွက် သူ့နာမည်ကို အရူးအမူးအော်ခေါ်နေကြသည်။

ဖိန်ချုံ၏အဖွဲ့တွင် နာမည်ကြီးသင်တန်းသားများစွာရှိ၏ ။ဖိန်ချုံအဖွဲ့မှသင်တန်းသားများ၏ပရိသတ်တွေက သူတို့ရဲ့နာမည်ခေါ်သံကိုကြားသည့်အခါ သူတို့အိုင်ဒေါလ်၏အရှိန်အဟုန်ကိုမပျက်စေရန်  ဖိန်ချုံကိုအကူအညီပေးဖို့ အော်ဟစ်‌တောင်းဆိုကြသည်။

‌ဖိန်ချုံ၏တက်တက်ကြွကြွလိုက်ပါပူးပေါင်းမှုကြောင့် ဖျော်ဖြေရေးခန်းမရှိပရိသတ်များက သူတို့၏အိုင်ဒေါလ်နာမည်များကို ပိုမိုကျယ်လောင်သောအသံဖြင့် အသီးသီးအော်ခေါ်ကာ အားပေးလျက်ရှိသည်။

သင်တန်းသားများက စင်မြင့်ပေါ်တွင် တရားဝင်ဖျော်ဖြေခြင်းမရှိသေးသော်လည်း စင်အောက်ရှိ နည်းပြများ၏ပရိသတ်များသည် ကျော်ကြားမှုချင်းယှဉ်ပြိုင်နေကာ သူတို့ကြား နေရာအနှံ့ မီးပွားများတောက်လောင်လျက်ရှိသည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now