1💟

18 2 0
                                    

ယူကြီး

အရင်ဆုံး ဒီFiction လေး မဖတ်ခင် Description က ရေးထားတဲ့ စာတိုလေးကို ဖတ်ပေးဖို့ တောင်းဆိုချင်ပါတယ်ဗျ။နောက်ပြီး TikTok App မှာ မတင်ဖို့လဲ တောင်းဆိုချင်ပါတယ်ဗျ။Social Media ဖြစ်တဲ့ Facebook,Twitter စသည်နေရာမျိုးမှာလဲ မတင်ဖို့ တောင်းဆိုချင်ပါတယ်။ဘာလို့ဆို ရိုင်းတဲ့ စကားတွေပါတဲ့အတွက် မဖြစ်သင့်တာတွေ ဖြစ်လာမှာကို မလိုလားလို့ပါ။Review ဆိုရင်လဲ စကားကြမ်း မပါတဲ့နေရာလေးကို ပေးလို့ရပါတယ်။(အဟမ်း အမှန်တော့ အရေးအသားက ကလေးသာသာဆိုတော့ ရီဗျူးကတော့ မမျှော်လင့်ထားဘူး)

နောက်အရေးကြီးဆုံးက Plot တူနေတာဖြစ်"၊နာမည်တူနေတာ ဖြစ်" လာပြောပေးဖို့ပါ။

-------------------------------------------------------------

"သားငယ်ရေ ဒီနေ့ည‌‌ခြောက်နာရီ SAN Company ရဲ့ 6th Anniversary ရှိတာလေး မာမီကို သွားပေးပါဦး"

"ဟာ မာမီကလဲ မာမီနဲ့ဒယ်ဒီသွားလဲရနေတာကို ဘာလို့ သားကို သွားခိုင်းနေတာလဲ..အားး မာမီ နာတယ် နာတယ်လို့ ဒယ်ဒီရေ ကယ်ပါဦး"

ဒေါ်ခေတ်‌သူတစ်ယောက် သားတော်မောင်၏ နားရွက်အား လိမ်ဆွဲလိုက်သည်။အနားရှိသော လင်တော်မောင် ဖြစ်သူ ဦးသွေးမောင်လဲ ဘာမှမပြောရဲ။သူ့(ဦးသွေးမောင်)ချစ်ရသူ၏ ဆုံးမ‌သြဝါဒပေးနေချိန် ထပြောလျှင် "အခန်းထဲ လာမအိပ်နဲ့"ဟု ပြောခံရမည်ကို သူကြောက်သောကြောင့်ဖြစ်သည်။

"ဒီမယ် ခေတ်သွေးသူရမောင် မာမီတို့က မင်းကို အတွေ့အကြုံရ‌အောင် လွှတ်တာ မင်းဒယ်ဒီနဲ့ မာမီသွားလဲရတယ် အေး ဒါပေမယ့် မင်းက တစ်ချိန်ချိန်မှာ ကုမ္ပဏီက ဥက္ကဋ္ဌ ဖြစ်လာမယ့်သူနော် အကယ်၍ မင်းက ဥက္ကဋ္ဌဖြစ်ပြီး အတွေ့အကြုံမရှိရင် ကုမ္ပဏီက ‌အနှေးနဲ့အမြန် ဒေဝါလီခံရမှာ ငါတို့ကို ထည့်မတွက်နဲ့!ငါတို့ကလဲ အနှေးနဲ့အမြန် သေချင်သေနိုင်တယ်လေ ပြောမရဘူး လူ့လောကဆိုရင် သေတစ်နေ့မွေးတစ်နေ့ပဲ"

"အေးလေ သားငယ်ရယ် ဒယ်ဒီတို့ မွေးထားတာကလဲ တစ်ယောက်ထဲ ဒယ်ဒီတို့ အ‌မွေ‌တွေကိုလဲ သားငယ်ကပဲ ဆက်ခံရမှာလေ"

ထိုအချိန် ငြိမ်ချက်သားကောင်းနေသော ဒယ်ဒီက ထပြောလာ၏။

"မာမီတို့ကလဲ ကုမ္ပဏီဒေဝါလီခံလဲ ဘာဖြစ်လဲ သားက အပြင်မှာ သားလုပ်တတ်တာနဲ့ သားလုပ်စားမှာပေါ့...အဟမ်း သားဝါသနာပါတဲ့ အဆိုနဲ့ သားလုပ်စားမယ်‌‌လေ"

You've reached the end of published parts.

⏰ Last updated: Jul 22 ⏰

Add this story to your Library to get notified about new parts!

My Boyfriend Is His HusbandWhere stories live. Discover now