"အော်"

"အဲ့တော့ ဘယ်သွားတာ"

"မင်းအပူပါလား"

ယွန်းဆောပြောပြီး ဟျောင်းဝန်းထက်ရှေ့ရောက်အောင် မြန်မြန်လျှောက်သွားတော့ တကောင့်သားက အနောက်ကနေ ယွန်းဆောပခုံးကို ခုန်ဖက်လေတယ်

"အာ့ မင်း ဟျောင်းဝန်း မင်း"

"ဆောတီးနော် ဟီး ဟီး တာ့တာ"

ယွန်းဆောအကျင့်ကို သိနေတဲ့ ဟျောင်းဝန်းတစ်ယောက် အထုမခံရရင် ပြေးလေရဲ့

ထိုမြင်ကွင်းကို အနောက်က အစအဆုံးမြင်လိုက်ရတဲ့ လူတစ်ယောက်လဲရှိတယ်တဲ့လေ

....
"ဟေး မွန်းဂျောင် မျက်နှာကြီးက ဆူပုတ်လို့ပါလား ဘာဖြစ်လာတာလဲ"

"ဘာမှမဖြစ်ဘူး"

"ဘာလဲ အမေဆူလိုက်လို့လား"

"မားက ငါ့ကို ဆူစရာလား"

"အာ့ဆို ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ဘူးလို့"

ဂျောင်ဟျွန်းပြောပြီး နောက်လှည့်ကာယွန်းဆောက မျက်မှောင်ကြုံ့ပြီး စိုက်ကြည့်လေရဲ့

ယွန်းဆောကတော့ ဟိုက်ပါပီပီသသ စာလုပ်နေသည်မလို့ ဂျောင်ဟျွန်းရဲ့ အကြည့်စူးစူးကို သတိမထားမိလိုက်

"ကဲ အကုန်လုံးတိတ်လိုက်တော့ ငါတို့အတန်းကို ကျောင်းသားသစ်ရောက်လာတယ်"

ဆရာ့စကားကိုကြားတော့ တစ်ခန်းလုံး အသံတိတ်သွားကာ ဝင်လာမည့်လူကိုသာ အာရုံစိုက်နေကြတယ်

"ကဲ သား ဝင်လာလေ"

ဆရာ့အသံအဆုံး ကောင်လေးတစ်ယောက် ဝင်လာတယ် ပါးချိုင့်နက်လေးတွေ ပေါ်အောင်ပြုံးပြပြီး

"အာညော် ငါက ယွန်ဆွန်းအွန်း ပါရှေ့လျှောက် အကူအညီတောင်းပါတယ်နော်"

ဘာကိုမှစိတ်မဝင်စားတဲ့ ဂျီယွန်းဆောကတော့ ကျောင်းသားသစ်လာတာကိုလဲ အရေးတယူကြည့်မနေခဲ့သလို ရှေ့ဆုံးတန်းက မွန်းဂျောင်ဟျွန်းကလဲ စာပဲလုပ်နေတဲ့ ဂျီယွန်းဆောကိုပဲ နောက်လှည့်ကြည့်နေလေရဲ့

"ဟုတ်ပြီ ဆွန်းအွန်းက အမ်းးး ယွန်းဆော‌ေဘးနားမှာထိုင်‌လိုက်"

My Hidden Crush Where stories live. Discover now