ဒါဒါက ဟိုးအရင်တုန်းကလို ကလေးဆန်စွာ
အကြံပြုလေသည် ။ လင်းရှိန်လည်း သွားကြည့်
သင့်သည်ထင်ပါ၏ ။

.........................................................

မနက်ဖြန်ပြန်တော့မည့်လင်းရှိန် ဒီနေ့တစ်နေ
ကုန် အိမ်မကပ် ၊ မနက်အစောကြီးထဲကအပြင်
သွားခဲ့လေသည် ။ ဘယ်သွားမယ်ဆိုတာတောင်
မပြော...အင်းလေသူတို့ပက်သက်မူကဘာတွေ
ရှင်းပြနေဖို့လိုအပ်နေလို့လဲ...အဟက်! .......
ဘာတွေများမျှော်လင့်မိနေသလဲဆိုတာ ရှင်းကို
တိုင်ပင်မတွေးနိုင်တော့ ။

အချစ်ဦးတုန်းကလည်း ဘာကလွဲမှန်းမသိပေ
မဲ့ လွဲခဲ့ကြသည် ၊ အခုလည်း မရေရာတဲ့ခံစား
ချက်တွေကြားမှာ ရှင်းရင်မောမိပါသည် ။ လင်း
ရှိန်လိုကောင်လေးတစ်ယောက်က ရှင်းလိုယောက်ကျားတစ်ယောက်ဆီမှာ အချိန်မည်မျှကုန်ခံလေမည်နည်း။ တွေးရင်း ဆံပင်ခဲရောင်နှင့်တက်ကြွလန်းဆန်းနေသော မိန်းမပျိုလေး၏ မျက်နှာကအတွေးထဲဝင်ရောက်လာလေသည် ။

ရင်ထဲမှာ ခံစားချက်သိပ်မကောင်းပေမဲ့ သူတို့
လိုက်ဖက်ကြပါတယ် ။ လင်းရှိန်က အရပ်ရှည်
ရှည် အသားခပ်ညိုညိုနှင့်လူချောတစ်ယောက်
ဖြစ်ပြီး ထိုကောင်မလေးက ယောက်ကျားလေး
တွေအကြိုက် cute type လေး ။ အဟက်.....။
ရှင်းဆေးလိပ်ငွေ့တွေကိုမူတ်ထုတ်လိုက်ရင်း
ကောင်ကင်ကြီးကိုငေးမောနေပြန်သည် ။

ညနေနေဝင်ခါနီးအချိန်မို့တိမ်ရောင်စုံများက
ဟို ဒီ ပြေးလွှားနေလေသည် ။ အင်း အရမ်းလှ
တယ်... ရှင်းမပိုင်ဆိုင်နိုင်တဲ့အရာတွေကသိပ်
လှနေတတ်လေသည် ။ စိုင်းညီလင်းရှိန်ဆိုတဲ့
ထိုကောင်လေး အပါအဝင်ပေါ့ ။ ဘာကြောင့်
များ ရှင်းဟာ လူတစ်ယောက်ဆီကတန်ဖိုးထား
ပြီးအချစ်မခံရလေသနည်း ။

'' ရှင်းလေး ထမင်းစားရအောင် သားရေ''

အခန်းဝမှ မေမေ့ခေါ်သံကြောင့် သောက်လက်
စ ဆေးလိပ်ကို ခပ်မြန်မြန်မီးသတ်လိုက်ကာ

'' ဟုတ်မေမေ လင်းရှိန်ရော ပြန်ရောက်ပြီလား''

''ရောက်ပေါ့ရှင်... ထမင်းဝိုင်းတောင်ရောက်နေ
ပြီ ''

ထိုအဖြေကြောင့် ရှင်း ပို၍ရင်ထဲခံစားသွားရ၏
ပြန်ရောက်ပြီဆိုတာလေးတောင် လာမပြောချင်
တော့ဘူးပေါ့....။ ထမင်းဝိုင်း၌ လင်းရှိန်ကပုံမှန်
အတိုင်း မေမေ့ကို ဟင်းပွဲတွေကူချကာ ရယ်မော
နေလေသည် ။

BLANK-ကွက်လပ်Where stories live. Discover now