happens

414 45 2
                                    


Warning: this episode may contain spoilers for Pyramid Game webtoon.

လွန်ခဲ့သော ၁၀ နှစ်

ပိရမစ်ဂိမ်းပျက်စီးသွားပြီးနောက်
ထိုအတန်းနံပါတ် ၅ အတွင်းရှိအဖြစ်အပျက်များသည် ပြာကျသွားတဲ့ကျောင်းဆောင်နှင့်အတူ ပါသွားပုံပေါ်သည်။ ဘာမှမဖြစ်ခဲ့ဖူးသလိုမျိုး စာသင်နှစ်အသစ်တွေ စသည်။ လူသစ်တွေရောက်လာကြသလို လူဟောင်းများကလည်း ထွက်သွားသည်။ အထူးအတန်း (၅-၂) ကို လူတွေမေ့ပျောက်စပြုလာကြပြီး ကာယကံရှင်များကတော့ နေ့စဉ်ဘဝများကို ဆက်လျှောက်လှမ်းရန်အတွက် မေ့ဟန်ဆောင်ခဲ့ကြရသည်။

အထက်တန်းနောက်ဆုံးနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်ခင် ၃ လအလို ဆောင်းဦးတွင် သူ့ထံသို့ ဘဲ့ဟာရင်းဆီမှ မက်ဆေ့ခ်ျတစ်စောင်ရောက်လာခဲ့ဖူးသည်။

'Tomorrow, 4:30 p.m. Y cafe'

အချိန်နှင့်နေရာမှလွဲ၍ ဘာမှမပါသော်လည်း အဆက်အသွယ်ပျောက်သွားသောဘဲ့ဟာရင်းထံမှ ပထမဆုံးပြန်ရသည့်စာဖြစ်သောကြောင့် ဆူဂျီ သူ့ကိုသွားတွေ့ခဲ့သည်။

ချိန်းတဲ့နေရာက ဟန်မြစ်နားမှာရှိတဲ့ ကဖေးတစ်ခု

ကဖေးကိုဝင်ဝင်ခြင်း ဝင်ပေါက်ကိုကျောပေး၍ထိုင်နေသော အညိုရောင်အရိပ်ကိုတွေ့ရသည်။ မျက်နှာကိုမမြင်ရသော်လည်း ဦးနှောက်က ဘဲ့ဟာရင်းမှန်း တန်းသိသည်။

သူ့အရှေ့မှာဝင်ထိုင်တော့ ဘဲ့ဟာရင်းကသူ့ကိုပြုံးပြပြီး နှုတ်ဆက်သည်။

"အရှက်မရှိဘူးလား ဘဲ့ဟာရင်း ရဲတွေဆီက ရှောင်ပြေးနေပြီး ငါ့ကိုဘာလို့‌ဆက်သွယ်ရတာလဲ"

"ဒီလိုပဲ..စကားပြောချင်လို့"

"စကား...ဘာစကားလဲ၊ နင် ပိုက်ဆံသုံးပြီး အပြစ်ဒဏ်ခံရတာကနေ ရှောင်ပြေးနေတဲ့အကြောင်းလား ဒါမှမဟုတ် နောက်ထပ်ချိန်းခြောက်စရာကျန်သေးတာလား"

သူက ပြောတာကို မကြားချင်ယောင်ဆောင်ရင်း ပြတင်းပေါက်အပြင်ဘက်ကိုလှမ်းငေးသည်။

"ဆူဂျီ နင်ငါ့ကို ပြောခဲ့ဖူးတယ်မလား

ပိရမစ်ဂိမ်းက ငါ ဆိုပြီးတော့လေ

Happened Unde poveștirile trăiesc. Descoperă acum