...
ဂျောင်ဟျွန်း စာပို့ထားတာ 5 နာရီလောက်ကြာနေသော်လည်း စာလဲဝင်မဖတ် စာလဲမပြန်တဲ့ ယွန်းဆောကြောင့် လူက ဂနာမငြိမ်ပဲ ထိုင်မရ ထမရတွေဖြစ်နေတာမလို့ ဂျောင်ဟျွန်းအမေရဲ့ လက်စာမိသွားလေရဲ့

"နာတယ်ဗျ"

"ဘာလို့ ဂနာမငြိမ်ဖြစ်နေတာလဲ"

ဂျောင်ဟျွန်း သူ့အမေကို မျက်မှောင်ကြုတ်ပြီး ကြည့်တယ်

"အဲ့ရုပ်ကြီးနဲ့မကြည့်ပါနဲ့ မွန်းဂျောင်ရယ်"

ထိုချိန်

*Noti*

"ဆောရီးနော် မင်းခုနက စာပို့တုန်းက ငါကသင်တန်းမှာလေ စာပြန်လို့မရလို့။  အိမ်ရောက်တော့ စာလုပ်နေတာနဲ့ အခုမှအားလို့"

ဂျောင်ဟျွန်းစာကိုမြင်မြင်ချင်း ထခုန်တာများ အိမ်ကြီးပြိုကျပြီလားတောင်ထင်ရတဲ့အထိပဲ

"ဟဲ့ မွန်းဂျောင်ဟျွန်း ဘာဖြစ်တာလဲ"

ဂျောင်ဟျွန်း သူ့အမေကို ပြေးဖက်ပြီး ပါးနှစ်ဖက်ကို နစ်နေအောင် နမ်းလေရဲ့

"ဟဲ့ ဟဲ့ ဘာဖြစ်တာတုန်း"

"သူ့ကိုနမ်းလို့မရသေးလို့ မားကို နမ်းတာ"

ဆိုပြီး ‌အပေါ်ထပ်ကိုပြေးတက်သွားလေရဲ့ ဂျောင်ဟျွန်းအမေကတော့ သူ့သားကိုကြည့်ပြီး ရယ်သာရယ်နေလိုက်တယ် တစ်ကယ်ချစ်ဖို့ကောင်းတဲ့ မွန်းဂျောင်ဟျွန်းလေး

...
ယွန်းဆော အိမ်စာတွေလုပ်ပြီးတာနဲ့ ခိက်ချင်းပဲ ဖုန်းကိုကောက်ကိုင်ကာ ဂျောင်ဟျွန်းကို စာအရင်ပြန်လေတယ် ယွန်းဆော ဝင်မဖတ်တဲ့ message တွေလဲအများကြီးရှိတယ် contact မှာမှတ်ထားတာကတော့ 엄마 တဲ့

*ဆောရီး ငါအခုမှမင်းစာကိုမြင်လို့*

"အလေးမထားရာကျတယ်"

*ဆောရီးနော် မင်းခုနက စာပို့တုန်းက ငါကသင်တန်းမှာလေ စာပြန်လို့မရလို့။ အိမ်ရောက်တော့ စာလုပ်နေတာနဲ့ အခုမှအားလို့*

"အရမ်းများရှည်နေလား မိုချာ ငါ့ကို စဉ်းစားပေးပါဦး ဒီလိုပို့လိုက်သင့်လား"

မိုချာက ယွန်းဆောကို ပို့သာပို့ ဆိုတဲ့ ပုံလေးနဲ့ ဟောင်တယ်

My Hidden Crush Where stories live. Discover now