စစ်သူကြီး၀မ်ကတော့ဆက်မပြောတော့ချေ ဒီဟာလေးကို
ဧည့်သည်ရှေ့မှာမို့လို့ သည်းခံနေရတာ မဟုတ်ရင်ဒီမှာတင်
မနက်ခင်းရန်ပွဲဖြစ်နေပြီ ။"ဟို....စစ်သူကြီးကတော်...ဟင်းတွေကကောင်းပါတယ်ဗျ...
တစ်လုတ်လောက်စားကြည့်ပါလား""မစားပါဘူးဆိုနေမှ!"
"...."
ရှောင်ကျန့်က ထမင်းစားပွဲပေါ်ခေါင်းချလို့ စစ်သူကြီး၀မ်ကို
မကျေမချမ်းနဲ့ကြည့်နေလိုက်သည် သူကတော့နဂိုအတိုင်း
ဒီအချေရုပ်ကြီးပဲ နည်းနည်းပါးပါးလေးပြုံးမယ်မရှိဘူး။"ကျင်း၀မ့်...ခပ်သွက်သွက်စားစမ်း"
"ဟုတ်ကဲ့...စစ်သူကြီး"
"မင်းစစ်ပွဲရောက်ရင် ဒီလိုမျိုးစားချိန်တောင်မရှိဘူး"
"ဟုတ်ကဲ့!"
"၀မ်က အမြဲဆူနေတာပဲ အိမ်ရှေ့စံက ထမင်းကိုနင်မှာကြောက်လို့ ဖြေးဖြေးစားနေတာ ဖြေးဖြေးစားနော်"
"ဟုတ်ကဲ့ စစ်သူကြီးကတော်"
"မြန်မြန်စား!"
"ဖြေးဖြေးစား!"
သူတို့နှစ်ယောက်ကြားထဲမှာ ပဲလှော်စားကြားညှပ်နေသလိုပဲ
အိမ်ရှေ့စံမှာဟိုကြည့်ဒီကြည့်နဲ့ ဘယ်သူပြောတာနာခံရမှာလဲ
ဟင်။"စစ်ပွဲထဲမှာဒီလိုနှေးတိနှေးကွေးစားလို့မရဘူး"
"စားလဲဘာဖြစ်လဲ အနည်းဆုံးတော့ မသေခင်မှာထမင်းလေး
၀သွားတာပေါ့ ထမင်းစားပြီးမှစစ်တိုက်တော့ အားရှိတာပေါ့""အဲ့ထမင်းစားနေတဲ့အချိန်မှာ ရန်သူတွေက ဝင်လာရင်ရော"
"ဟို...အမ်...ခဏနေဦး ငါထမင်းစားနေတယ်လို့ပြောပြီးမှ
တိုက်ပေါ့""ကလေးကလား တွေရှောင်ကျန့်..."
"ဟွန်း!.."
"ထမင်းစားပြီးပါပြီဗျ"
"လိုက်ခဲ့...လေ့ကျင့်ရေးဆင်းမဲ့နေရာစီ"
"ဟုတ်ကဲ့"
စစ်သူကြီး၀မ်ကအရှေ့ကထွက်သွားတော့ အနောက်ကနေ
အိမ်ရှေ့စံက ကောက်ကောက်ပါအောင်လိုက်သွားသည်
ရှောင်ကျန့်မှာတော့ စစ်သူကြီး၀မ်ကို အနိုင်မပိုင်းရလို့မကျေနပ်။
Part 10🦁🐰
Depuis le début