ဒါ....မိုး မှာရှိတဲ့ နောက်ဆုံးသော အသိစိတ်ပင်။ဒီအဖြစ်အပျက်ပြီး မိုးရဲ့ကိုယ်ထဲတစ်စုံတစ်ယောက်ကဝင်ထိန်းချုပ်လိုက်သလို ဘာဆိုဘာမှမသိတော့သည့် သူတစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။

"အဘိဓာန်မိုး "

နှုတ်ခမ်းပေါ် အတင်းဖိကပ်ထားသည့်အကောင်သေး၏ပုခုံးနှစ်ဖက်ကိုကိုင်ပြီး ဖယ်ထုတ်ရသည်။

နှိုင်းကော အကောင်သေးပါ နှစ်ယောက်လုံး၏ အသက်ရူသံများက ကျယ်လှောင်နေ၏။

"ဟင့်....အရမ်း ပူနေတယ်....ကူညီပါနော်..."

မျက်ရည်များနှင့် ဘာကိုတောင်းဆိုနေမှန်းမသိသည့်အကောင်သေး...။

"ဘာကိုလဲ "

"ဒီ...ဒီနေရာ "

ဖိုသီဖတ်သီဖြစ်နေသောညဝတ်အကျီပွပွက မိုးလက်လူပ်ရှားတော့ ပုခုံးထိသို့လျှောကျလာသည်။

အနီရောင်ဖျော့ဖျော့လေးသန်းနေသည့် အသားရောင်ပေါ် ချွေးတွေကနှင်းစက်လေးလို ခန္ဓာကိုယ်အနှံ့မှာ တယှက်ယှက်သန်းနေပြီး မြင့်ချည်နှိမ့်ချည်ဖြစ်နေသည့် ရင်ဘတ်ကြီးထဲက ခုန်ထွက်တော့မလို မြန်လွန်းနေသည့် နှလုံးခုန်သံကိုတောင် နှိုင်း ကြားနေရ၏။

မိုးရဲ့ ရှည်သွယ်သွယ်လက်လေးက ခါးအောက်ပိုင်းကတစ်နေရာကို ဆုပ်ကိုင်ထားလျက်။ကျန်လက်တစ်ဖက်ကတော့ နှုတ်ခမ်းရှေ့ဖုံးထားရင်း မျက်နှာတစ်ခုလုံးကလည်းအပူကြောင့်အနီရောင်သန်းနေကာ၊အဘိဓာန်မိုးသည် မျက်ရည်လဲ့လဲ့လေးနှင့်....

"ဒီနေရာထိပေးပါလား "

ဦးနှောက်ထဲ မီးတောင်ပေါက်ကွဲသကဲ့သို့ နှိုင်း၏ ခေါင်းတစ်ခုလုံးပူထူသွားရသည်။

"အဘိဓာန်မိုး ခင်ဗျား ဘာလုပ်နေတာလဲရောသိလား"

strainght စစ်စစ်တစ်ယောက်အနေနှင့် အဘိဓာန်မိုးထံ့မှ အခုလို တောင်းဆိုမူ့ကိုကြားပြီး ပေါက်ကွဲသွားသည်ဟု ဆိုလျှင် မှားလိမ့်မည်။

ထူးဆန်းစွာနဲ့နှိုင်းဒေါသမထွက်ခဲ့။တစ်ခုဝန်ခံရမည်က နှိုင်းသည် ဒီအခြေအနေကိုတောင် သဘောကျသေး၏။

Change For You( သူ့အတွက်သာလျှင်)(U+Z)Onde histórias criam vida. Descubra agora