ထိုစဥ်အချိန်က ထိုကောင်လေး၏အသက်သည် ဆယ်နှစ်ဝန်းကျင်ခန့်ပင်ရှိဦးမည်။ထိုစဥ်အချိန်၌ တိုက်တိုက်ဆိုင်ဆိုင် ကောင်လေး၏မိဘနှစ်ဦးကလည်း accidentတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ကြသည်။ထိုသို့သောအကြောင်းအရင်းများကြောင့် တစ်ကောင်ကြွက်ဖြစ်ခဲ့ရသော'ကောင်လေး'သည်လည်း ပတ်ဝန်းကျင်တွင် ဂျိုကောင်တစ်ကောင်အဖြစ်သာ ...။
သို့သော်ထိုကောင်လေးအား သူ့ဦးေလးမှခေါ်ယူမွေးစားခဲ့ပြီး အစေခံတစ်ဦးအဖြစ်နှင့်သာ ကြီးပြင်းစေသည်။လူမဆန်သော ညှင်းပန်းနည်းများဖြင့် ယဥ်ပါးစေခဲ့သည်။ထိုအချိန်မှစ၍ကောင်းလေး၏ နှလုံးသားသည် ညစ်ညမ်းလာလေသည်။သူတက်မက်ခဲ့သော အေးချမ်းမှုများကို မုန်းတီးလာသည်၊သူစိတ်ကူးခဲ့ဖူးသော ပျော်ရွှင်အေးမြမှုတို့ကို စက်ဆုပ်လာလေသည်။
ထိုကောင်လေး၁၅နှစ်ခန့်တွင် သူ့ဦးလေးနှင့်အတူ
တစ်မိသားစုလုံးအား မီးနှင့်တိုက်၍ သဂြိုလ်ခဲ့လေသည်။သူ့လုပ်ရပ်အားမည်သူမျှမသိကြ။လျှပ်စစ်ဝိုင်ယာကြိုး ရှော့ခ်ဖြစ်မှုကြောင့်သာ ထင်မှတ်ခဲ့ကြသည်။ ထိုမှစ၍ထိုကောင်လေးလည်းဒုတိယမ္ပိ တစ်ကောင်ကြွက်ဘဝသို့ပြန်လည်ရောက်ရှိသွားလေသည်။
လူအများကလည်း သူ့အားဂြိုဆိုးတစ်ကောင်အဖြစ်သာ
မြင်ကြသည်။
သို့သော်ထိုကောင်းလေးအား မှောင်ခိုရာဇာတစ်ဦးမှထပ်မံခေါ်ယူမွေးစားလိုက်ပြန်သည်။ရာဇာကြီးသည်
ထိုကောင်လေးအား အလွန်အမင်းသဘောကျဟန်ရှိသည်။တစ်ခုသောညနေခင်းတွင် ထိုကောင်လေးအား
သူ၏လိုအင်ဆန္ဒများကိုခေါ်ယူ၍ မေးမြန်းစေသည်။
..............................
''မင်းနာမည်က...''
ဦးရန်မင်း၏ မေးသံက အေးစက်စက်...။သူ့ရှေ့မှကောင်လေး၏ မျက်နှာထားမှာလည်းအေးစက်စက်..။
ဖရိုဖရဲကျနေသော ဆံပင်များကြောင့် မျက်လုံးအစုံကိုပင် မတွေ့ရပေ။
''မှိုက်....."
မေးသံနှင့် ဖြေသံကထပ်တူပင်အေးစက်လျက်
အေးစက်ခြင်းနှစ်ခုက ပြိုင်ဆိုင်နေကြသည်။
"တစ်လုံးထဲလား...''
ခေါင်းသာညိတ်ပြသည်၊နှုတ်ခမ်းအစုံကတိတ်ဆိတ်လျက်...။
"မင်းပေါ့ပါ့ပါးပါးနေလို့ရပါတယ်...၊မင်းအလိုရှိတာမှန်သမျှ ငါဖြည်ဆည်းပေးလို့ရတယ်၊ ငါ့နာမည် ရန်မင်း..
မင်းရဲ့အုပ်ထိန်းသူဆိုလည်းမမှားဘူး..တွေ့ရတာဝမ်းသာပါတယ်..."
ဦးရန်မင်း၏စကားသံတို့က ပြတ်သားလျက်....၊ပေါ့ပါးစွာနေလို့ရတယ်ဟူသော သူ့စကားလုံးတို့သည်ပင်
ရယ်စရာကောင်းသေည်။မှိုက်က လက်ဆွဲဟန် ကမ်းလှမ်းလာသော ဦးရန်မင်း၏ လက်အားမဆွဲမိ..ခေါင်းငုံ့အနေအထားနှင့်ပင်.....
"ဘာတောင်းတောင်းဖြည့်ဆည်းပေးမယ်ပေါ့...."
မှိုက်၏ခပ်အက်အက်အမေးကြောင့် ဦးရန်မင်းတစ်ချက်ပြုံးလိုက်သည်။
"ငါ့စကားငါတည်တယ်မှိုက်...''
သူ့နာမည်အားတပ်ပြီးပြောလိုက်၍ မှိုက်တစ်ချက်မဲ့လိုက်သည်။သူဆံပင်တွေကြားထဲမှ ဦးရန်မင်းအား ခပ်စူးစူးကြည့်လိုက်လေသည်။သူ၏အကြည့်သည်
သာမန်သူများမြင်ပါက ကြက်သီးထဖွယ်ဖြစ်သည်။
"လူသတ်ချင်တယ်...."
အခန်းကျယ်ကြီးက ပုံမှန်ထက် အေးစက်သွားသည်။
ဦးရန်မင်း မှိုက်အားပြုံး၍ကြည့်လိုက်လေသည်။သူ့အပြုံးသည် မှိုက်နှင့်အပြိုင် ကြောက်လန့်ဖို့ကောင်းသည်။
"ဟက်...မင်းကဂန်းစတားတစ်ယောက်ရှေ့မှာ
ရယ်စရာတွေလာပြောနေတာပဲ...(ကြောက်လန့်ဖွယ်မျက်နှာထားအားအေးခဲလျက်) ကောင်းပြီလေ ငါ့ကတိအတိုင်းမင်းကိုလူပေးသတ်တယ်...ငါ့အလုပ်ကိစ္စကို ဝင်ရှုပ်တဲ့ လူတွေကိုလည်း လိုရင်လိုသလို မင်းကိုသတ်ခွင့်ပေးမယ်.. ဘယ်လိုလဲမှိုက်..."
"ဖြစ်တယ်...ဖားသား"
မှိုက်ကလက်ဆွဲ၍ပြောလိုက်လေရာ ဦးရန်မင်း မျက်ခုံးအနည်းငယ်တွန့်ချိုးသွားသည်။
''ဖားသားတော့ မလုပ်ပါနဲ့ကွာ...ကြားရတာကန့်လန့်ကြီး.."
မှိုက်ကဘာမျှမပြော.....၊ထိုင်နေရာမှထ၍
''ဖားသား ကျနော့ကိုခွင့်ပြုဦး၊ အော်...ဒါနဲ့ ကျနော့်ကိုသိပ်မရယ်ပြနဲ့ မကြိုက်ဘူး...''
မှိုက်ကပြောပြီး အခန်းထဲမှထွက်သွားသည်။ဦးရန်မင်း မှိုက်၏ နောက်ကျောကိုကြည့်ပြီး ပြုံးလိုက်လေသည်.....၊သူပြုံးတာသုံးခါပင်ရှိနေပြီးဖြစ်သည်။
''မင်းက ဘာကောင်လဲ မှိုက်......."
..........................
အရှေ့မှ အရက်ခွက်ကိုကြည့်ပြီး မှိုက်စိတ်ညစ်မိသည်။ သူဘယ်အချိန်မှအိမ်ပြန်ရမည်မသိ....၊
အခုခေတ်ကောင်တွေတော်တော်လည်း အသည်းကွဲနိုင်သည်... ၊အခုလည်းကြည့်၊သူ့သူငယ်ချင်း လင်းယံ၊၊
ဆော်ကပစ်သွား၍ အသည်းတွေ ဘရုတ်ကင်းမ်ကာ
သူနှင့်အတူတံတားဘေးတွင် မူးမိုက်ကမ်းနေသည်။
''ဟျောင့်တော်တော့ လင်းယံ၊ မင်းမူးပြီးအန်ဖတ်ဆို့တာပဲ အဖတ်တင်တယ်..၊ဟိုကောင်မကမင်းဆီကိုပြန်လှည့်မှာမအဟုတ်ဘူး..၊
ပြီးတော့ငါလည်းပြန်ချိန်တန်ပြီ ၊ငါ့ဖားသားက ငါ့ကိုကောလိမ့်မယ်...''
''ဟျောင့်မိုက်....မင်းကအဲ့လိုလား...ဟမ်..
ငါကသူ့ကိုအရမ်းချစ်တာကွ....မင်းသိလားဟမ်းးး
ငါရင်ထဲမကောင်းဘူးကွာ....ငါသေသွားလိမ့်မယ်...
မနေ့ကသူ...သူ့ဘဲနဲ့လိုက်လွှင့်တယ်ကွ့ာ...သူ့ဘဲကချောတယ်ဟ..ခံစားရတယ်!..ခံစားရတယ်...!မင်းလည်းချောလိုက်တာ...သားးးးရီးးးးရာ...ဝေါ......''
ပြောချင်ရာပြောပြီးတံတားပေါ်မှာအန်ချသည်။ဒီ...
ခွေးမသားးး။
''အာ...ယီးကွာ..၊ဟျောင့်..ငါပြန်တော့မယ်..ကွာ
မင်းဟာကမဟုတ်တော့ဘူး..ယီးပဲ၊ဆိုင်ကယ်ပေါ်တက်......လာ..ဒီကိုငနွား..''
"ဟျောင့်....မိုက် သူ့ကိုငါသတ်ချင်လိုက်တာကွာ
သူပျော်တာကိုငါမြင်ရတာ ပူလောင်တယ်ကွာ.......
ဝေါ့....''
လင်းယံစကားကြောင့် သူမျက်နှာတည်သွားသည်။
တစ်ဆက်တည်းသူ့မျက်နှာထက်၌ ခန့်မှန်းရခက်သောအပြုံးကို ဖန်းဆင်းလိုက်လေသည်။သို့သော်လင်းယံသတိထားမိမည်စိုး၍ သူဟန်ဆောင်လိုက်ကာ...
''ကဲ..လာပါကွာ...မင်းသူ့ကိုသတ်ချင်တာမှတ်လား
ရတယ်ငါသတ်ပေးမယ်...လာတက်ဆိုင်ကယ်ပေါ်....''
သူလင်းယံအား မ၍ဆိုင်ကယ်ပေါ်တင်ပေးလိုက်သည်။
''ဟေ့....ဟေျာင့်...
ငါအတည်ပြောနေတာ...သူသေရမယ်....အဲ့ကောင်မ...ဟေ့..သက်....သက်ထားမေ..သေမှာ....ငါသတ်မယ်...
မင်းမသတ်နဲ့ ဝေ့....''
''ဟုတ်ပါပြီ....ဆိုင်ကယ်မောင်းနေတာမလို့
ငြိမ်ငြိမ်းလေးစီးကြားလား...ငါမင်းကောင်မကို ပြုံးပြုံးလေးသတ်ပေးမယ်....''
လင်းယံဆီက မည်သည့်အသံမျှမကြားရတော့ပေ...။
လေထပြီး အခြေကျသွားပြီးထင်သည်။ထို့အတူ အာဝမ်းဘီးပေါ်မှ မျက်နှာတစ်ခုသည်လည်း အေးစက်စက်ပြုံးလျက် ခြေကျနေသည်.....။
အချိန်အားဖြင့် သန်ခေါင်ယံအချိန်.....ကောင်းကင်၌
ငှက်ဆိုးတစ်ကောင် အသံခြစ်၍အော်ဟစ်လိုက်သည့်အသံကိုတော့ မည်သူမျှမကြားမိချေ......။
''အဟမ့်....ငါကဘာကောင်လဲ''
