တင်!

ခဏနေတော့ ရစ်ခီ့ဆီက ပုံနှစ်ပုံပို့လာခဲ့သည်။

//တကယ် ဟန်ဘင်းပဲ//

ကျောပြင်ထိ ရှည်လျားပြီး ဝိုင်အရောင် ဆံပင်ရှိတဲ့ အမျိုးသမီးဟာ ကင်မရာဘက်ကျောပေးထား၍ ဟန်ဘင်းကတော့ ပြုံး၍ စကားပြောနေပုံပေါ်သည်။

ကျန်းဟောင့်စိတ်ထဲ ဝမ်းနည်းမှုအပြင် ဒေါသထွက်မှုတွေပါ စုပုံနေခဲ့သည်။
သူ ဟန်ဘင်းစားချင်တယ်ဆိုလို့ အချိန်ကုန်ခံပြီး လုပ်ထားတာကို သူက မိန်းကလေးတစ်ယောက်နဲ့ရယ်မောပြီး ညစာစားနေတာတဲ့။

အမှန်တိုင်းပြောရရင် အသက်ရွယ်ရလာတဲ့နောက်ပိုင်း ကျန်းဟောင့် ဟန်ဘင်းအပေါ် စိတ်အနည်းငယ်ရှိနေခဲ့သည်။ ဟန်ဘင်းကတော့ သူ့ကို ညီအစ်ကိုတစ်ယောက် သို့မဟုတ် သူငယ်ချင်းတစ်ယောက်လိုပဲမြင်တာမလား။

ရစ်ခီပို့ပေးတဲ့ ပုံနှစ်ပုံကို ဟန်ဘင်းဆီသို့ Forward လုပ်လိုက်သည်။

ထို့နောက် မီးဖိုချောင် စားပွဲခုံပေါ်တွင်တင်ထားသော ပန်းကန်ထဲမှထမင်းတွေကို အမှိုက်ပုံးထဲသွန်ပစ်လိုက်သည်။

//နောက်ခါ လုပ်ကျွေးခိုင်းကြည့် ကြွက်သတ်ဆေးထည့်ပြီး လုပ်ကျွေးပစ်မယ်//

စိတ်ထဲက ကျိန်ဆဲက အိပ်ရာဝင်ဖို့ ‌ကိုယ်လက်သန့်စင်လိုက်သည်။

မိုးပြာရောင် ညဝတ်ဝတ်စုံလေးကို ဝတ်ကာ ကုတင်ပေါ်၌ ပြန်မလာသေးသူကို စောင့်နေပြန်သည်။

//ငါ့မျက်လုံးတွေကို ဟိုကောင် ကျိန်‌စာတိုက်ထားလားမသိ အိပ်လို့ကိုမပျော်ဘူး//

~~~

12:35a.m

ကျန်းဟောင့်တစ်ယောက် အိပ်ပျော်လုနီးနီးဖြစ်နေစဉ် ကားဟွန်းတီးသံကြောင့် လှဲနေရာက စပ်ခနဲ ထလိုက်သည်။

ဟန်ဘင်းတစ်ယောက် ပတ်ခ်ဆိုယွန်းရဲ့ ညစာအတင်းတူတူစားဖို့ခေါ်တာကြောင့် အားနာနာနဲ့ပဲသွားစားခဲ့ရသည်။

သေချာပေါက် အိမ်က ‌ပေါက်စကတော့စိတ်ဆိုးနေတော့မှာဖြစ်သည်။
သူနဲ့ ဆိုယွန်း အလုပ်အကြောင်းပြောရင်း ရယ်နေတဲ့ပုံကို ဘယ်က ခွေးမသားက ရိုက်ပြီးပို့ပေးလိုက်လဲမသိ ကျန်းဟောင့်ပြန်ပို့မှ ပတ်ဝန်းကျင်ကိုသေချာကြည့်ရ‌သည်။

𝗭𝗛𝗔𝗡𝗚𝗛𝗔𝗢 𝗜𝘀 𝗠𝗶𝗻𝗲 Where stories live. Discover now