춤 추는 그녀

410 53 4
                                    

" တစ်ဖက်ကောင်လေးက ဆွေကောင်းမျိုးကောင်းလေး တွေ့ဖြစ်အောင်သွားတွေ့လိုက် "

သူအရွယ်ရောက်ကာစထဲက စလာလိုက်တဲ့ ဒိလိုအမိန့်တွေ။
အမေ့စိတ်ထဲတော့ ရှင်းမ်အွန်ဂျောင်ရဲ့ မိန်းမ မဆန်မှုတွေကို ယောက်ျားလေးတစ်ယောက်ကပြင်ပေးနိုင်မယ်ထင်လေရဲ့။

ဒီနေ့လည်း အိမ်နဲ့အတိုက်ခံဖြစ်ပြီး စိတ်တွေလေတဲ့နေ့ပါပဲ။

ရှင်းမ်ဟာ ဦးတည်ချက်မရှိတဲ့ ခြေလှမ်းတွေနောက် ရောက်တက်ရာရာ လျှောက်လှမ်းနေခဲ့တယ်။
သိပ်စိတ်ရှုပ်ဖို့ကောင်းတဲ့နေ့မို့ ဆေးလိပ်တဖွာလောက်ခဲလိုက်မှ နေသာထိုင်သာရှိတော့မယ်ထင်တယ်။

ဆေးလိပ်ဝယ်ဖို့အတွက် ဦးထုပ်ကို ငိုက်စိုက်ချပြီး စတိုးတစ်ခုထဲ ရုပ်ဖျက်ဝင်မယ်အလုပ် ရှင်မ်းအွန်ဂျောင်းရဲ့ အာရုံတွေကို လူစုလူဝေးတစ်ခုကဖမ်းစားသွားလေရဲ့။ စက္ကန့်ရေတွက်သံအပြီး အသံလှိုင်းဖြတ်ပြေးလာတဲ့ သံစဉ်တွေကို လူတစ်ချို့က ဝင်ကပြီး လူတစ်ချို့က ဘေးကရပ်ကြည့်နေကြတယ်။
အိုး .. ဒါကလူငယ်တွေ သွားလေ့သွားထရှိတဲ့ ကျပန်းအကပွဲပဲ။

သာမာန်ဆို ဆက်အရေးမလုပ်ပဲ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်မှာပေမဲ့ မြင်ခဲ့ဖူးတဲ့ မျက်နှာတစ်ခုကို ထိုလူအုပ်ကြားမြင်လိုက်မိတော့ အလုံးစုံသောအာရုံတွေက စိုက်ငေးမိသွားတယ်။ ကိုယ်တိုင်တောင်မသိလိုက်မိပါပဲ ထိုလူအုပ်ကြားတိုးဝင်သွားတဲ့အထိ ဆိုပါတော့။

ဒီရင်းနှီးနေတဲ့မျက်နှာကို သူအကြာကြီး ငေးမောနေမိတယ်။

သူမက အင်မ်ယယ်ရင်း.. ။ နာမည်မှတ်တာမတော်တဲ့သူက ထူးထူးခြားခြားကိုမှတ်မိနေတဲ့နာမည်။ အခန်းထဲက လူစေ့ကိုတောင် နာမည်မသိတဲ့သူက ဆန်းကျယ်စွာပဲ တစ်ခေါက်ပဲဆုံခဲ့ဖူးတဲ့ မိန်းကလေးနာမည်ကိုမှတ်မိနေတယ်။

လေးစားစရာကောင်းတယ်ပြောရမလားပဲ အဲ့မိန်းကလေး ဖွင့်သမျှ သီချင်းတိုင်းအလိုလိုကို လိုက်ကနိုင်အောင်တော်တယ်။
သေးသွယ်သွယ်ခါးလေးရမ်းလိုက်တိုင်း တပ်တူလှုပ်ရှားသွားတဲ့ အညိုရောင်ဆံနွယ်ရှည်တွေက ဘဝမှာပထမဆုံးအကြိမ်အနေနဲ့ လူတစ်ယောက်ကို ဆွဲဆောင်မှုရှိတယ်လို့ မြင်မိစေတဲ့ အချက်ပဲဖြစ်ရမယ်။

SHE WAS SHE || Sim Eunjeong X Lim YerimWhere stories live. Discover now