"ငါမင်းကိုမယုံဘူး မင်းတို့တကယ်နမ်းခဲ့ကြတာ မင်း..မင်းလူယုတ်မာ"

"ကိုယ်..ကိုယ်ယွန်းကို ဘယ်လိုရှင်းပြရမလဲ ယွန်းရယ်"

"ဘာမှ လာရှင်းမပြနဲ့ သွား ထွက်သွား! အဟင့်.."

"ယွန်း"

"ငါမင်းကို ချစ်တာ မင်းမသိဘူးလား ငါက မင်းကို ငါ့အပိုင်ပဲဖစ်စေချင်တာ ငါတစ်ယောက်ထဲပိုင်ချင်တာ! မင်းချစ်တဲ့လူကလဲ ငါပဲဖြစ်ချင်တာ မင်းနှုတ်ခမ်းကို နမ်းတဲ့လူကလဲ ငါပဲဖြစ်ချင်တာ! အဲ့ဒါကို မင်းသိလား ပတ်ဆောင်ဟွန်း!"

"ကိုယ် သိပါတယ် ကိုယ့်ကို ယွန်းတစ်ယောက်ထဲပဲပိုင်တာပါ ပြီးတော့ ကိုယ်သူနဲ့ တကယ်မနမ်းခဲ့ဘူး"

အဲ့အချိန်ဆောနူနဲ့ ဟိုမိန်းကလေးကရောက်လာခဲ့တယ်။

"မင်းတို့ တစ်ယောက်မှငါ့နားမလာနဲ့ ငါ့ကိုတစ်ယောက်ထဲနေခွင့်ပေးပါ!"

"ရှင်းမ်ဂျယ်ယွန်း ငါအခု ငါတို့ ငယ်ငယ်က ရန်ညှိုးတွေကြောင့် လုပ်ခဲ့မိတာပါ နင်အဲ့လောက်ခံစားသွားရလိမ့်မယ်လို့ မထင်ဘူး ယောက်ကျားလေးချင်းမို့ အပျော်သဘောပဲထင်ခဲ့တာ ငါတောင်းပန်ပါတယ် ပြီးတော့ ငါတို့တစ်ကယ်မနမ်းခဲ့ဘူး နင်အထင်လွဲအောင် နမ်းသလို ဟန်ဆောင်ခဲ့ရုံပဲ"

"ယွန်း ကြားတယ်မလား ကိုယ်ပြောပါတယ် ကိုယ်တို့ တကယ်မနမ်းဘူးလို့"

"ဟင့်အင်း"

"ယွန်း အခုမိုးတွေအရမ်းရွာနေတယ်။ အိမ်ကိုအမြန်ပြန်ကြမယ်နော် အိမ်ကြမှ ယွန်းကျေနပ်တဲ့ထိ ကိုယ်ရှင်းပြပါ့မယ် ကိုယ်တောင်းပန်ပါ့မယ်"

ဂျယ်ယွန်းလည်း ငိုမဲ့မဲ့နဲ့ အိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။

"ဒီက ဆောနူ နဲ့ ဆိုဟာ ကိုကျေးဇူးတင်ပါတယ် ပင်ပန်းသွားခဲ့ပြီ"

"ဟုတ်ပါတယ် ဆောင်ဟွန်းဟျောင်းရော ဂျယ်ယွန်းဟျောင်းရော ပင်ပန်းသွားပါပြီ ကျွန်တော်တို့သွားလိုက်ပါအုံးမယ်"

"သွားတော့မယ်နော် ပြီးတော့ ဂျယ်ယွန်း ဆောင်ဟွန်းကို စိတ်မဆိုးပါနဲ့တော့ ငါတို့ တကယ်မနမ်းခဲ့ဘူး ငါ့မှာလဲကောင်လေးရှိတယ် ငါတကယ်နမ်းရင် ငါ့ကိုဆူလိမ့်မယ်။ ဆောင်ဟွန်းကို နင်တစ်ယောက်ထဲပိုင်ပါတယ်။ သွားခွင့်ပြုပါအုံး"

if i was your boyfriend // JakeHoonWhere stories live. Discover now