"ဟင့်အင်း....ဗြောလေးက ဖေဖေ့သားပဲလေ...ဘယ်သူ့နောက်ကိုမှ လိုက်စရာမလိုဘူး....ဖေဖေနဲ့ဒယ်ဒီက ခွင့်ပြုမှာလည်း မဟုတ်လို့ သားက စိတ်မပူနဲ့နော်....ဖေဖေ့သားလေးကို ဘယ်သူကမှ ခေါ်သွားလို့မရဘူး...အဲ့ဒါကြောင့် သားက စိတ်ပူစရာမလိုဘူးနော်...."

သားကို ရင်ခွင်ထဲထည့်ရင်း  ထယ်ယောင်း တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။သားကို ဘယ်သူကမှခေါ်သွားလို့မရဘူး။ထယ်ယောင်းကလည်း အဖြစ်မခံနိုင်သလို ဂျောင်ဂုကလည်း လက်ခံမှာမဟုတ်လို့ သားကို သေချာဂရုစိုက်ရမည်။
မွန်းကျပ်စရာကောင်းတဲ့ အဲ့ဒီနေရာကို နောက်တစ်ခေါက်ပြန်မသွားချင်သလို သားကိုလည်း လောင်းရိပ်မမိစေချင်ပါ။
.
.
.
.
.
.
.
.
.
.
"ဂျောင်ဂု..."

"အော....သား အိပ်သွားပြီလား"

ထယ်ယောင်းအသံကို ကြားတာနဲ့ သောက်လက်စ ဆေးလိပ်ကို ပြာခွက်ထဲသို့ ဖိချေကာထည့်လိုက်သည့် ဂျောင်ဂု....
‌ဂျောင်ဂု ဆေးလိပ်သောက်တာကို ပထမဆုံးအနေနဲ့ မြင်ဖူးတာဆိုပေမယ့် ထယ်ယောင်း သိပ်မအံ့ဩမိပါ။
သူလည်း အရွယ်ရောက်ပြီးသား ယောင်္ကျားတစ်ယောက်ပဲ။တစ်ချို့သော ကိစ္စတွေကို လုပ်တက်မှာ ထယ်ယောင်း သေချာသိသည်။
သူ့အခြေအနေ အဆင့်အတန်း ကြောင့်သာ တစ်ချို့ ကိစ္စရပ်တွေကို ထိန်းထားပေမယ့်လည်း စိတ်ရှုပ်လာတဲ့အခါမျိုးမှာတော့ ဒါတွေကို ချိုးဖောက်နိုင်တာပဲ မဟုတ်လား။

"ဘာလို့ ငြှိမ်းလိုက်တာလဲ ဆက်သောက်ရောပေါ့..."

"စိတ်ပြေလက်ပျောက် ဖွာရုံပဲမို့ပါ....ပြီးတော့ အဲ့ဒီအငွေ့တွေက အဆိပ်ပဲမို့ မင်းကို မရှုစေချင်ဘူး...."

ဂျောင်ဂုမျက်ဝန်းတွေက နီစွေးစွေး။
သူ့ရင်ထဲမှာ နာကျင်နေတယ်ဆိုတာကို ထယ်ယောင်းပါ ခံစားလို့ရနေသည်။

"အခု မင်းအဆင်ပြေလားလို့ ထုတ်မေးစရာမလိုတဲ့ထိ ငါ့ရင်ထဲမှာ နာကျင်မှုကို ခံစားနေရတယ်....အဲ့ဒါက ဘာကြောင့်ဖြစ်မလဲ....မင်းနဲ့ငါက ဘာမဆို မျှဝေခံစားနိုင်တဲ့အထိ စိတ်ရောကိုယ်ပါ ရင်းနှီးကြတယ်လို့ ဆိုလိုတာပဲ...ဒါကြောင့် မင်းစိတ်ညစ်ရင် ငါလည်း တူတူစိတ်ညစ်နိုင်တယ်....အဆိပ်ငွေ့ဆိုလည်း ငါမမှုဘူး...ငါ သေရဲပါတယ်..."

The Alpha Zone (Completed)Место, где живут истории. Откройте их для себя