*‌ဒေါက် ဒေါက်*

"ဆောလေး အမေ ဝင်လာမယ်နော်"

"ဟုတ်"

"ထမင်းလာပို့တာ စာလုပ်နေတာလား"

"စားပွဲပေါ်တင်ပေးခဲ့ရင်ရပါပြီ"

"စားပြီးမှဆက်လုပ်လေ"

"စာက အာရုံစိုက်ရမှာမလို့ အမေထွက်သွားပေးလို့ရမလားဟင်"

"အာ ဟုတ်ပြီ ဟုတ်ပြီ အမေသွားပြီးနော် စားပြီးရင် အပြင်မှာပဲထားလိုက် အဒေါ်ကြီးကို လာယူခိုင်းလိုက်မယ်"

ယွန်းဆောခေါင်းသာညိတ်ပြလိုက်တယ်

ယွန်းဆောအတွက်ကတော့ လူသားတွေအကုန်လုံးက စိတ်ရှုပ်ဖို့ကောင်းတယ် လူတွေကို ပါးစပ်ဆိုတာကြီး ကိုဘာကိစ္စထည့်ပေးလိုက်တာလဲ စောက်ရမ်းစိတ်ရှုပ်ဖို့ကောင်းအောင်

"မိုချာ ငါလေ ဒီနေ့ကျောင်းမှာ ထူးဆန်းတာဖြစ်ခဲ့တယ်"

မိုချာက ယွန်းဆောပြောတာကို နားလည်ဟန်ပြပြီး နားရွက်လေးထောင်ကာ ဆက်လက်နားထောင်နေတယ်

"အခန်းထဲက happy virus က ငါ့ကိုသိတယ်တဲ့လေ အဲ့ထက်ပိုဆိုးတာဘာလဲသိလား သူက ဟျောင်းဝန်းကို ကန်လိုက်တာ ဟျောင်းဝန်းက ငါနဲ့ရင်းနှီးတာ သူမသိဘူးနဲ့သိတယ်"

မိုချာက ယွန်းဆောကို တစ်ခုခုပြောချင်ဟန် ယွန်းဆောကုတင်ပေါ်က ဖုန်းကို ယွန်းဆောဆီယူလာပေးတယ်

ကြည့်ရတာ မိုချာက ယွန်းဆောကို ဂျောင်ဟျွန်းဆီ ဖြေရှင်းချက်ပို့ခိုင်းနေတဲ့ပုံ

"ငါက သူ့ကိုစာပို့ရမှာလား"

မိုချာက ထိုင်ချတယ် ပြောချင်တာက ဟုတ်တယ် ဆိုပြီးထောက်ခံတာ

"ငါက ဘယ်တုန်းကအဲ့လိုစပြောဖူးလို့လဲ ပြီးတော့ ငါသူ့ဖုန်းနံပါတ်ရော SNS ပါမသိဘူး"

မိုချာက ဘာမှတော့မလှုပ်ရှားတော့ပေမယ့် စိတ်ကျေနပ်ဟန်တော့မရှိဘူး

အိမ်စာတွေပြီးတာနဲ့ ယွန်းဆောအိပ်ရာတန်းဝင်ဖို့အလုပ် အမေ လာပေးထားတဲ့ ထမင်းကိုသတိရသွားတယ် လာပို့ပေးထားတာကို မစားရင် မယဉ်ကျေးရာကျတယ်မလား

My Hidden Crush Where stories live. Discover now