ထိုသို့တိုက်မိသွားတာကြောင့် စီးလို့ထားတဲ့ဒေါက်အမြင့်က ခြေချော်သွားကာ ယိုင်လို့သွားချိန် အနားကိုရောက်လာတဲ့ Jungkook က ထိုအမျိုးသမီးရဲ့ ပခုံးနှစ်ဖက်ကိုဖမ်းကိုင်ကာထိန်းပေးလိုက်သည်..

သူ့ရဲ့ရင်ခွင်ထဲ မရောက်တရောက်ဖြစ်နေတဲ့ ထိုအမျိုးသမီးက သူ့ကိုလှည့်ကြည့်လာချိန် နီးကပ်လှတဲ့ အနေအထားတခုမှာ နှစ်ဦးသားအကြည့်တို့စုံမိသည်..

" အဆင်ပြေရဲ့လား "

" ဟုတ်ကဲ့ ပြေပါတယ် "

Jungkook ဘက်ကစကာအဆင်ပြေရဲ့လားလို့မေးလိုက်တော့ တဖက်ကအမျိုးသမီးလည်း ချက်ချင်းပဲပြန်ဖြေကာ သေချာလေးမက်တပ်ပြန်ရပ်လိုက်ပြီး ခေါင်းလေးငုံ့ပြကာ ထွက်သွားဖို့လုပ်တော့ လှမ်းတားလိုက်တဲ့ Jungkook..

" ခဏ "

သူ့ရဲ့အိတ်ကပ်ထဲကနေ လက်ကိုပုဝါလေးထုတ်ပေးလာသည်..

" အကျီကိုဝိုင်တွေပေကုန်တယ်ထင်တယ် "

" အာ ကျေးဇူးပါ "

ထိုအမျိုးသမီးက ထပ်မှန်ခေါင်းလေးငုံ့ကာ ကျေးဇူး တင်စကားပြောပြီး Jungkook လက်ထဲက လက် ကိုင်ပုဝါလေးကိုယူကာအနားကထွက်သွားတော့သည်..

Jungkook သူ့မိတ်ဆွေတယောက်နဲ့စကားပြောနေတုန်း ဧည့်ခန်းမထဲသို့ပြန်ရောက်လာတဲ့ ထိုအမျိုး သမီး သူနဲ့တော့ သိပ်မရင်းနှီးပေမယ့် သူ့အကိုဖြစ်သူနဲ့စကားပြောနေတဲ့ Hospital လုပ်ငန်းပိုင်းက ရှယ် ယာရှင်တယောက်ဆိုတာတော့သေချာတဲ့ လူတယောက်ရဲ့ဘေးသွားရပ်ကာ နားနားကပ်လို့တိုးတိုးလေးစကားပြောနေတာကိုတွေ့လိုက်သည်..

တဖက်က ထိုလူကလည်း ပြုံးကာခေါင်းညိတ်ပြနေတာကိုလည်းမြင်လိုက်သည်..သူထိုနေရာသို့မျက်စိ ကျနေတာကို အရိပ်အကဲသိတဲ့ မန်နေဂျာကစတင်စကားဆိုသည်..

" အဲ့တာ Hospital ပိုင်းမှာ သူဌေးရဲ့အကိုကြီးပြီးရင် ရှယ်ယာအများဆုံးလူလေ သူ့နာမည်က Min Jinyoung လို့ခေါ်တယ် သြစီသား ကပြားပေါ့ဗျာ.သူ့ဘေးကအလှလေးက သူကိုရီးယားကိုလာတိုင်းတွဲတွဲနေတဲ့ small လေးပေါ့.."

" အဲ့လူက အိမ်ထောင်ရှိလား "

" မရှိဘူး လူလွတ်ပါ "

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now