"သူတို့နဲ့ထိပ်တိုက်မတွေ့တာ အကောင်းဆုံးပဲ။"

ထိုစကားကြောင့် အိပ်ချင်စိတ်လေးပင်ပြယ်ပြီး မင်ဂယူ့မျက်လုံးလေးကလယ်ကလယ် ဖြစ်သွားရသည်။

"ဘာဖြစ်လို့လဲ။"

လမ်းလျှောက်နေရင်းကနေ ရပ်သွားပြီး ဆော့မင်ရဲ့မျက်လုံးသေးသေးလေးတွေက မင်ဂယူကိုလှည့်ကြည့်လာသည်။ ဒါလေးတောင် မသိရကောင်းလားဆိုတဲ့ အကြည့်။ နောက်တော့ ဆော့မင်သည် မင်ဂယူ့လက်ကိုပြန်ဆွဲခေါ်သွားလေသည်။

"ဟိုမှာသေချာကြည့်။"

အကွယ်ကနေ မေးငေါ့ပြလိုက်တော့ မင်ဂယူလှမ်းမြင်လိုက်ရသည်က ချယ်ရီပင်အောက်က လူသုံးယောက်။ ခုနက ဆင်းလာတဲ့ လူသုံးယောက်ပင်ဖြစ်သော်လည်း သေချာကြည့်လျှင် သူတို့သုံးယောက်ကြားတွင် ကောင်လေးတစ်ယောက်ရောက်နေသည်ကိုတွေ့ရမည်ဖြစ်သည်။

"အဲ့သုံးယောက်က အထက်တန်းနောက်ဆုံးနှစ်က။ သူတို့ကို Devil Trioလို့ခေါ်တယ်။"

နာမည်ကြားရုံနှင့် မင်ဂယူကြက်သီးဖြန်းခနဲ ထသွားလေသည်။ Devil ဆိုတဲ့အသုံးအနှုန်းနဲ့ဆိုလျှင် သာမန်အဖွဲ့တော့မဟုတ်လောက်ဘူးမလား။

"ချွဲဆွန်းချော..သူ့အဖေက ရုရှားနဲ့ ဆက်နွယ်တဲ့ မာဖီးယားဂိုဏ်းကလို့ကြားတာပဲ။ပြီးတော့ သူကိုယ်တိုင်က တိုက်ကွမ်ဒိုခါးပတ်နက်အဆင့်။"

ဆော့မင်ပြောတဲ့သူကို မင်ဂယူသေချာကြည့်မိသည်။ အရပ်ခပ်မြင့်မြင့်နှင့် ကျောင်းယူနီဖောင်းကိုပါလေရုံဝတ်ကာ အောက်က စွပ်ကျယ်အနက်ကို အတိုင်းသားမြင်နေရသည်။ နှာတံကချွန်ချွန်၊ မေးရိုးထင်းထင်းနှင့် အကြည့်တွေက ရဲတင်းကာ မထီမဲ့မြင်အပြုံးတွေနှင့်။ ခုနကသူတို့အလယ်က ကျောင်းသားလေးဆိုလျှင် သူ့ရှေ့မှာ ဒူးထောက်မတတ်တောင်းပန်လို့နေလေသည်။

"မနှစ်က သူ့လက်သီးစာမိသွားတဲ့ ဒုတိယနှစ်ကျောင်းသား ဘာဖြစ်သွားတယ်ထင်လဲ။"

မင်ဂယူသည်မအူမလည်နှင့်ခေါင်းရမ်းပြလိုက်လေသည်။

"ရှေ့သွားလေးချောင်းလုံးကျွတ်ထွက်သွားတယ်။"

100_Days of being in loveWhere stories live. Discover now