"ပြေရင်ရပါပြီ"

ဆိုပြီး ယွန်းဆောခေါင်းလေးကို ပုတ်ပြီး အခန်းပြင်ဘက်ကို ထွက်သွားလေတယ် မွန်းဂျောင် ဖွသွားတဲ့ ဆံပင်လေးကို ကိုင်ရင်း ကျန်နေရခဲ့သူဟာ ဂျီယွန်းဆောသာ

ကျောင်းပြန်တက်တော့ မွန်းဂျောင်က သူ့သူငယ်ချင်းတွေနဲ့ ပခုံးဖက်ပြီး ဝင်လာတယ် သေချာပေါက် ယွန်းဆောကိုလည်းပြုံးပြလိုက်သေးတယ် ယွန်းဆောကတော့ အပြုံးကို မတုံ့ပြန်မိ ခေါင်းသာငုံ့ထားလိုက်တယ်

"ကဲ ကဲ ပထမဆုံးကျောင်းတက်တဲ့ရက်မှာ စိတ်မကောင်းစွာနဲ့ အိမ်စာပေးရဦးမယ်"

ဆရာ့ရဲ့စကားသံအဆုံး တစ်ခန်းလုံး ဟာ ဆိုတဲ့အသံတွေထွက်လာတယ်

"ဆရာကလဲ ဒီနေ့ကိုတော့ သက်ညှာပေးပါလားနော်"

ဂျောင်ဟျွန်းက အယ်ဂို အသံလေးနဲ့ ထပြောတယ်

ဂျောင်ဟျွန်းရဲ့ အသံကိုကြားတော့ ယွန်းဆောခေါင်းငုံ့ထားလျက် ပြုံးမိတယ် ထူးဆန်းလိုက်တာ ဂျီယွန်းဆောက မပြုံးဖြစ်တာ တော်တော်ကြာပြီ မွေးကတည်းက မပြုံးတာနဲ့တူတယ်

"မရဘူး အိမ်စာပေးလိုက်မယ် လိုက်မှတ်"

တစ်ခန်းလုံး စိတ်ညစ်စွာ အိမ်စာတွေကိုလိုက်မှတ်ပြီး ဆရာထွက်သွားတော့ အခန်းထဲက စနောက်တတ်တဲ့ကျောင်းသားအချို့က ယွန်းဆောကို စနောက်ဖို့ စတင်လာတော့တယ်

"ဟေ့ ဂျီယွန်းဆော"

ယွန်းဆော သူ့နာမည်ကြားလို့ အသံလာရာကိုကြည့်လိုက်တော့ သူ့ကိုဆို အမြဲနိုင်နေကျ လူ

"အိမ်စာရေးပေး ချစ်သူငယ်ချင်းလေး"

"မင်း မင်းဘာသာရေးလို့မရဘူးလား"

"ဟင့်အင်း မရဘူး မင်းကလဲ အိမ်စာလေးကို တစ်ယောက်စာလောက်ပိုရေးရတာကို ဘာတွေဖြစ်နေတာလဲ ဘာလဲမရေးပေးချင်ဘူးလား"

ထိုသူက ယွန်းဆော ရှေ့ခုံမှာ နောက်ပြန်ထိုင်လိုက်ပြီး ယွန်းဆောကို မေးတယ် ဟင့်အင်း အနိုင့်ကျင့်တယ်လို့ သုံးလို့ရတယ်

ထိုချိန် လူတစ်ယောက်က ထိုသူထိုင်နေတဲ့ခုံကို ကန်လိုက်တာမလို့ ဘေးကိုပြုတ်ကျသွားတယ် တစ်ခန်းလုံးလန့်သွားကြပေမယ့် ယွန်းဆောကတော့ ထိုင်နေရာကနေမထ

My Hidden Crush Where stories live. Discover now