အပိုင်း(၂၈) unicode

Depuis le début
                                    

" ဟင်! မ..မအိပ်သေးဘူးလား "

" အဟက်! တံခါးလော့ခ်ချလိုက်တာဘဲ ဘာလဲမောင့်ကိုဘာတွေကြံစည်နေတာလဲပြောပြပါဦး "

" ဘာ..ဘာမှမဟုတ်ပါဘူး တခြားသူတွေမြင်ရင် တစ်မျိုးထင်မှာဆိုးလို့ "

" ဒီတိုင်းအိပ်ရင်တော့ တစ်မျိုးအထင်လောက်ပါဘူး တစ်မျိုးမကနှစ်မျိုးပါထင်သွားအောင် လုပ်လိုက်ကြမယ်လေ "

ညစ်ထေးသောအပြုံးတစ်ခုကို ရရှိလိုက်ပါသည်။ ရှိုင်း၏စကားအဆုံး အနည်းငယ်ကြောင်သွားမိသည်။

" ဟင် မင်း! အာ့! ဘာလုပ်တာလဲ အောက်ချပေး "

ပြွတ်!

" အွန်းးး "

ရုတ်တရက်ပွေ့ချီခံလိုက်ရတာကြောင့် လွန်းကိုယ်လေးမှာ အပေါ်ကိုလွှင့်ခနဲဖြစ်သွားသည်။

" ချပေးမယ်၃မိနစ်စောင့် "

" အဲ့တာကိုပြောတာမဟုတ်ဘူး အောက်ကိုချခိုင်းတာ ဘာ..ဘာလို့ လာနမ်းတာလဲ "

" စည်းမျဉ်းချိုးဖောက်လို့ "

" ငါ... အွန်းးး အင့်.. "

ပြွတ်!

ထပ်ပြီးနမ်းနေပြန်ပါသည်။ ဒီတစ်ခါစည်းမျဉ်းမှမချိုးဖောက်ဘဲဘာလို့လာနမ်းနေပါလိမ့်။

" အွန်းးး မောင်! ဘာလို့ထပ်နမ်းတာလဲ တစ်ခါဘဲခေါ်မိတာကို "

" စည်းမျဉ်းနောက်တစ်ခုထပ်တိုးလိုက်တာလေ နောက်ခါမောင့်ကို အသည်းယားအောင်လာလုပ်ရင် အသက်ရှူကြပ်အောင်နမ်းပစ်မယ် "

" ဘယ်လို... ဒါတော့ မကောင်းဘူးလေ "

" ဘာမကောင်းတာလဲ ကောင်းတယ် "

" အဲ့တာက... အွန့်... "

ပြွတ်!

" နမ်းပြန်ပြီ "

" နမ်းတော့ဘာဖြစ်လဲ မကျေနပ်ရင်ပြန်နမ်းလေ "

" တော်..တော်ပြီ ရေချိုးတော့မယ် "

" မောင်နဲ့တူတူချိုးမယ်လေ "

" ကလေးလားမောင်က ချိုးပါဘူး ငါအရင်ချိုးမယ် ပြီးမှချိုး "

ရှိုင်းအား လက်မခံကြောင်းပြောပြီး ကျောပေးလေတော့ လွန်းလက်ကိုပြန်ဆုပ်ကိုင်ကာ

MY Bad Elder Brother...Où les histoires vivent. Découvrez maintenant