အဒေါ်ကြီး " ဟုတ်ကဲ့ မမကြီး "

နှစ်ယောက်စလုံး အမေနှစ်ယောက်ရှေ့ဒူးထောက်လို့ ခေါင်းငုံ့ကာထိုင်နေကြသည်.

ထယ်အမေ " ဘယ်လိုဖြစ်နေကြတာလည်းပြောစမ်းပါအုံး တအိမ်လုံးလည်း ရစရာကိုမရှိဘူး အိမ်နဲ့ယာနဲ့မနေချင်လို့လား.လမ်းဘေးမှာနေချင်ကြတာလား မင်းတို့နှစ်ယောက်ကခုထိ သတ်ဖျတ်လို့မဝသေးဘူးလား ငယ်တော့တဲ့ကလေးတွေလည်းမဟုတ်တော့ဘူး သူများတွေဆို ကလေးတောင်ယူနေကြတဲ့အရွယ်ဖြစ်နေပြီ ဒါတောင်မင်းတို့က ခုထိရန်ဖြစ်ကောင်းတုန်း မျက်နှာတွေလည်းကြည့် မွေးထားတာချောချောလေးတွေ ဘယ်လိုတောင်သတ်ဖျတ်နေလို့ပေါက်ပြဲနေကြတာလည်း ငါဘယ်လိုလုပ်ပေးရမလည်းပြော ငါဘယ်လိုလုပ်ပေးရမလည်း!!!!"

ထယ်ဟျောင်းအမေက ဂျောင်ဂုအမေထက်အသက်နည်းနည်းပိုကြီးသလို ပိုပြီးလည်းကြောက်ဖို့ကောင်းသည်..ထယ်ဟျောင်းအမေနဲ့ဂျောင်ဂုအမေက ငယ်သူငယ်ချင်းတွေဆိုပေမယ့် ဂျောင်ဂုအမေက လှပြီးနုတဲ့ဘက်သွားသလို
ထယ်ဟျောင်းအမေက လှပြီးကြမ်းတဲ့ဘက်သွားသည်.သားနှစ်ယောက်နဲ့တော့ပြောင်းပြန်ပေါ့.ခုဂျောင်ဂုအမေကတခွန်းမှဝင်မပြောပဲ ထယ် ဟျောင်းအမေကသာဆူနေခြင်းဖြစ်သည်..

" နောက်မဖြစ်တော့ပါဘူး "

ထယ်အမေ " အပိုတွေမပြောနဲ့ ထယ်ဟျောင်း မင်းတို့နှစ်ယောက် ငယ်ငယ်ထဲက ခုထိနောက်မလုပ်တော့ပါဘူးဆိုပြီးလုပ်လာတာ ငါ့အသက်ထက်တောင်များနေပြီ ငယ်ငယ်ကလည်း ငယ်ငယ်ကမို့လို့ ရေခဲမုန့်ဝယ်ပေးတာတောင်အရောင်တူနေလို့ရန်ဖြစ်တယ် အရွယ်လေးနည်းနည်းရလာပြန်တော့ ကျောင်းမှာ ရန်ဖြစ်တယ်ဘယ်သူလည်းမမေးနဲ့ မင်းတို့နှစ်ယောက်ပဲ ဘာကြောင့်ဖြစ်လည်း သူများတွေလို အဆင့်လုပြီးဖြစ်တာလည်းမဟုတ် မိန်းကလေးတယောက်ကိုနှစ်ယောက်ပြိုင်တူကြိုက်လို့လုကြတာလည်းမဟုတ် ဘာတဲ့ အအေးဆိုင်က အအေးလုရင်းဖြစ်ကြတာတဲ့.ကြားလို့​မှကောင်းရဲ့လား ခုတည့်ပါစေဆိုပြီး အိမ်ထောင်ချပေးပြန်တော့လည်း တအိမ်လုံးရစရာမရှိအောင်လုပ်ထားပြီး လူတွေလည်းရစရာမရှိတော့ဘူး ဘယ်လိုလုပ်မှတယောက်နဲ့တယောက်တည့်မှာလည်း ဘယ်လိုလုပ်မှချစ်ကြမှာလည်း ဟမ် ငါသေပေးရမလား "

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now