ဟာအို ယူဂျင်းကိုစီစဉ်ခိုင်းပြီးတော့ မားကိုပြောရန်စကားများခေါင်းထဲတွင်စီရင်းအိမ်သို့မောင်းလာခဲ့လိုက်သည်။
ကားကိုဂိုဒေါင်ထဲတွင် parkingထိုးပြီး
ကျန်းဟောက်အိမ်ပေါ်သို့တက်လာခဲ့သည်။
"ဥက္ကဋ္ဌကျန်းဟောက် ရောက်လာပြီပေါ့လေ" မားက ခပ်ရွဲ့ရွဲ့လေသံဖြင့်ပြောလာသည်။
"ဟုတ်ကဲ့မား"
"ဒါဆို ဒီနေ့ကိစ္စလေးကိုရှင်းစမ်းပါဦး။ ဘယ်တုန်းကရည်းစားရသွားတာလဲ? ရည်းစားကလည်းယောက်ျားလေးတစ်ယောက်ဆို? မားကိုအရင်ပြောပါတော့လား အခုတော့တစ်ဖက်ကို ဘယ်လောက်အားနာရလဲ? သားကောင်လေးက ရိုင်းရိုင်းစိုင်းစိုင်းပြောပြီး သားကိုလက်ဆွဲခေါ်သွားတယ်တဲ့။ ကင်ယူနာ က မားဆီဖုန်းဆက်ပြောသွားတယ်။ သူပြောတာဟုတ်လား?"
မားက သူပြောချင်နေတဲ့စကားတွေကို တရပ်စပ်ပြောသွားတော့သည်။
"ဖြည်းဖြည်းပြောပါ မားရယ်။ ကျွန်တော့်ကို လာခေါ်သွားတာ Sung groupရဲ့ ဥက္ကဌ ဆောင်းဟန်ဘင်းပါ။ ကင်ယူနာတို့သားအဖက Sung group ကို အရည်သွေးမမှီတဲ့ကုန်ကြမ်းတွေသွင်းဖို့လုပ်လို့ ဆောင်းဟန်ဘင်းက ရာထူးကဖယ်ပြီး ရှယ်ယာတွေပြန်ထုတ်ခိုင်းလိုက်တယ်ပြောတယ်။ ဆောင်းဟန်ဘင်းကသူ့ကို ကျွန်တော်နဲ့မြင်လိုက်တော့ အဲ့ဒါပြောပြဖို့ လာခေါ်တာ။ကျွန်တော်တို့ကိုချဉ်းကပ်တာအကြံ
ရှိနိုင်တယ်နော် မား" ကျန်းဟောက်က ဆောင်းဟန်ဘင်း သူ့ကိုရှင်းပြသွားသည့်အကြောင်းရာများကို အကျဉ်းချုပ်၍မားကိုပြောပြလိုက်သည်။ မားက ထက်မြက်သူဖြစ်၍သူဒီလောက်ပြောလျှင် သဘောပေါက်လောက်မည်။
"အေးပါ အဲ့ဒါတွေကထား။ ကင်ယူနာအကြောင်းကို မားစိတ်မဝင်စားဘူး။ သား
ခုနမားမေးတာကို မဖြေသေးဘူးနော်။ အဲ့လာခေါ်သွားတဲ့ကလေးက သားချစ်သူလား?" မားက သူ့မျက်လုံးကို တည့်တည့်ကြည့်ပြီးမေးလာခဲ့သည်။ သူကွေ့ပတ်ပြီး စကားလမ်းကြောင်းလွှဲကာ ဖြေနေသော်လည်း မားက စီးပွားရေးသမားပီပီ အလွတ်မပေးပဲ သူသိချင်တာကိုရအောင်မေးလာခဲ့လေသည်။
'ကျန်းဟောက် စဉ်းစားစမ်း။ ဟာကွာ ဒီဦးနှောက်ကလည်း ဒီလို အချိန်ဆို အလုပ်မလုပ်ဘူး' ကျန်းဟောက်အကြပ်ရိုက်ကာ တစ်ယောက်တည်းဗျာများနေလေသည်။
YOU ARE READING
Binneul Assignment
Fanfictionကျောင်းသားဘဝတည်းက ပြိုင်ဆိုင်ခဲ့တဲ့၂ယောက်က လုပ်ငန်းရှင်တွေဘဝမှာလည်း စီးပွားရေးပြိုင်ဘက်တွေဖြစ်လာတဲ့အခါ အနိုင်ယူလိုစိတ်တွေဖုံးနေတဲ့၂ယောက်က သူတို့ရင်ထဲကအသံကိုနားထောင်ဖြစ်ပါ့မလား
Chapter 4 - Contract
Start from the beginning
