Chapter 4 - Contract

Comenzar desde el principio
                                        

"ဟာအိုကောက သူဌေးဆိုတာထက် ကျွန်တော့်အစ်ကိုလိုဖြစ်နေတာ။ သူကလည်းကျွန်တော့်ကို ညီလေးတစ်ယောက်လို သူ့ပညာတွေအကုန်သင်ပေးတယ်လေ"

ယူဂျင်းက သူ လေးစားရတဲ့ဟာအို့ကိုပြောတာကို မကြိုက်သည့်ဟန်ဖြင့်ပြောလာသည်။

"ဟုတ်ပါပြီကွာ။ ကိုယ်က ယူဂျင်းကိုနားချိန်လေးမှာ သေချာနားစေချင်လို့ပါ"

"ဒါနဲ့ ဒီနေ့ကျွန်တော်နဲ့တွေ့ချင်တယ်ဆိုတာ ဘာလို့လဲ?"

"ကိုယ့်ကလေးလေးကိုလွမ်းလို့လေ ဘယ်တော့ အဖြေပေးမှာလဲ? ဒါမှကိုယ်တရားဝင်လွမ်းလို့ရမှာ"

"ကျွန်တော်...လုပ်ချင်တာတွေရှိသေးလို့ပါ။ အဲ့ဒါတွေကို အနှောင့်ယှက်မဖြစ်ချင်ဘူး"

လူလေးနှင့်ပင်မလိုက် ကလေးပေါက်စလေးက လူကြီးလေးလိုပြောပြီး အတွေးများနေဟန်ရှိသည်။

ဂယူဘင်း ရည်မှန်းချက်ကြီးလွန်းသောကောင်လေးကိုငေး၍သာကြည့်နေမိသည်။
ချမ်းသာသောအသိုင်းဝိုင်းမှကောင်လေးဖြစ်သော်လည်း ကျန်းဟာအိုကိုလေးစားစိတ်နဲ့ပညာယူချင်ပါသည် ဆိုကာ အတွင်းရေးမှူးဝင်လုပ်နေခြင်းဖြစ်သည်။

"ဟုတ်ပါပြီ ကလေးလေးရယ် ကိုကိုစောင့်ပါမယ်" ဂယူပြုံးပြီးပြောလိုက်မှသာ မျက်နှာလေးပြန်ရွှင်သွားတော့သည်။
ဟန်ယူဂျင်းဆိုတဲ့ ကလေးလေးကို SNUမှာ
စတွေ့ပြီးသူ့ဘက်က အရင်ချစ်မိခဲ့တာဖြစ်သည်။

စတွေ့ပုံကလည်း ဟန်ဘင်းက ပြိုင်ဘက်ကို လေ့လာထားရမည်ဆိုကာ ကျန်းဟာအိုနောက်လိုက်ချောင်းရင်းကနေ ကျန်းဟာအိုနားအမြဲကပ်နေတဲ့ ယူဂျင်းကို သူက စသတိထားမိခဲ့ခြင်းဖြစ်သည်။ သကောင့်သား ဆောင်းဟန်ဘင်းက သူယူဂျင်းကို ကြိတ်ကြွေနေမှန်းရိပ်မိတော့ ကျန်းဟာအိုနောက်လိုက်တိုင်း ယူဂျင်းနှင့်မျှားကာ
ဂယူဘင်းကို အပါခေါ်တော့သည်။

ဒီလိုနဲ့ BM majorတစ်ခုလုံး ကင်မ်ဂယူဘင်းက ဟန်ယူဂျင်းကိုကြိုက်နေတာသိကုန်သည်။ အဲ့ထက်ပိုစိတ်ဝင်စားခံရတာတော့ ပြိုင်ဘက်ကြီးကို အမြဲလေ့လာနေတဲ့ဆောင်းဟန်ဘင်းပါ။ ကျန်းဟာအိုရှိတဲ့နေရာတိုင်း ဆောင်းဟန်ဘင်းရှိတယ်လို့ အမည်တွင်တဲ့အထိပင်။ ဒီကောင် စုံထောက်မလုပ်ပဲ ဘာလို့စီးပွားရေးလာသင်နေလဲလို့တွေးမိတဲ့အထိကို ဆောင်းဟန်ဘင်းက ကျန်းဟာအိုကို ခြေရာခံတဲ့နေရာမှတော်ပါသည်။ ကျန်းဟာအိုကတော့ စာအုပ်နဲ့ တစ်ကမ္ဘာတည်ထားသူမို့ သတိမထားမိလောက်ပေ။

Binneul AssignmentDonde viven las historias. Descúbrelo ahora