နွေရောက်ပြီလေ×××ရိုးတံကြဲကြဲ အပင်အိုတို့ အလှချင်းလဲပြိုင် ×××× လေးရူးအဝှေ့ ရွက်ဝါတွေ လိပ်ပြာတွေရယ်××××အကချင်ပြိုင် နေသလိုပင် ××××××
"အမယ်! မြို့အုပ်မင်းကြီး သီချင်းတွေဘာတွေ ဆိုလို့ပါလား။ "
မြို့အုပ်မင်းလဲ ပါးစွန်းလေးကွေးသည် အထိ ပြုံးလိုက်ပြီး
"မောင့်ထယ်... မောင်နဲ့ ထယ် ဒီလို နွေ နေပူကြဲကြဲ ငုဝါပင်ကြီး အောက်မှာ ငုဝါပန်းတွေ ကို ပိတောက်ပန်းအစား မောင် ထယ့် ကိုခူးပေးခဲ့တာ မှတ်မိလား။ "
"အင်း မှတ်မိတာပေါ့ မောင်ရဲ့၊ အဲ့တုန်းကဆို ကျတော့်မှာ မောင့်ကို စိတ်တိုရအခက် ဖြစ်ခဲ့ရတာလေ၊ မောင်ဘဲ ပေါက်ပေါက်ရှာရှာ တွေး တတ်တယ်၊
ဘာတဲ့ ! ငုဝါပန်းတွေက ပိတောက်ပန်းတွေနဲ့ အရောင်တူလို့ ဒါဘဲယူပါ မောင့်ထယ် တဲ့။ ""ဟားး မောင် တကယ်တော့ ပိတောက်ပင်က ခပ်လှမ်းလှမ်း ရောက်နေတော့ မောင့်ထယ်အနားကနေ တစ် စက္ကန့်လေးတောင် မခွဲချင်လို့ ငုဝါပန်းတွေ ခူးပေးလိုက်တာ။ "
"လူလည်ကြီးပါလားနော်။ "
"အချစ်လူလည်ကြီးပါကွာ၊ ခုတောင် ချစ်ချင်နေတာ မယုံဘူးလား၊ စမ်းကြည့်ကြမလား။ "
"ဘာစမ်းမှာလဲ မောင်က ...."
မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်ဖြင့် နားမလည်နိုင်စွာ မေးလာသော ချစ်သူလေးကို အသဲယားမိတာတော့ အမှန်ပင်။
"မောင်တို့ ဘာစမ်းကြမလဲ၊ အမ်! ကုတင်ပေါ်မှာ......"
မြို့အုပ်မင်းစကား မဆုံးသေးခင် ပါးစပ်အား လက်နှင့်အတင်း လှမ်း ပိတ်လိုက်သော ထယ်။
"မောင်... ဘာဖြစ်နေတာလဲ ၊ သူများတွေကြားကုန်တော့မယ်။ "
"မောင်တို့ သူများတွေမကြားအောင် အခန်းထဲသွားကြမလား။ "
မြို့အုပ်မင်းလဲ ထယ့်အား လက်ဆွဲကာ ခေါ်သွားလေတော့သည်။
"မောင်...မောင်... သားငယ်လေး ရှိတယ်လေ အခန်းထဲမှာ နောက်ပြီး နေခင်းကြောင်တောင်ကြီး ဘာဖြစ်နေတာလဲ။ "
"သားငယ်လေးမရှိဘူး၊ မောင် သားငယ်လေးရယ် ဒေါ်ကြီးပုရယ်ကို ဒေါ်ဒေါ်တို့ဆီပို့ထားတယ်၊ဒေါ်ဒေါ်တို့က သားငယ်လေး ကို တွေ့ချင်လို့တဲ့၊ မောင်သံလုံးကို ကျတော့ ဈေးထဲလွှတ်ထားတယ်၊ လိုအပ်တာတွေ သွားဝယ်ဖို့။ အိမ်မှာ မောင်နဲ့ ထယ် နှစ်ယောက်ထဲ။ "
आप पढ़ रहे हैं
နွေဦး သက်သေ(One Short)
रोमांस*Taekook မြန်မာမှု ပြုထားခြင်း ဖြစ်ပါသည်။ * crd;ပေးခြင်း... *နွေဦး သက်သေ fic ထဲမှ တချို့သော မြို့အုပ်မင်းဂျွန်၏ အကျင့်စရိုက်များအား "စာရေးဆရာကြီး အမျိုးသား ပညာဝန် ဦးဖိုးကျား "၏ မြို့အုပ်မင်း ဝတ္ထုထဲမှ ကောက်နုတ်ထားပါသဖြင့် " အမျိုးသားပညာဝန် ဦးဖိုးက...