“.........”

“ ကျွန်‌ တော်အခုပဲလာခဲ့မယ်”

ထိုမျှသာပြောပြီး ကားကို ပြန့်ကွေ့လိုက်‌‌ သောအစ်ကို ကို သိပ်ချစ်နားမလည်စွာကြည့်မိသည်။ ပြီးတော့ ယောင်္ကျားလေးတန်မဲ့ ငိုနေတယ် တဲ့လား။

“ အစ်ကို ဘယ်သူဆက်တာလဲဟင်”

“ မင်း အန်တီလေးဆက်တာပါ”

“ ကိစ္စတစ်ခုခု ရှိလို့လား”

“ ဟို ..ဟိုရောက်မှ ပြောပြမယ်နော်၊ခု ဝတ်မှုံဆီ မသွားသေးလို့ ဖြစ်တယ်မလား”

“ဟုတ်”

..................
အစ်ကိုဟာ လမ်းတစ်လျှောက်လုံး ငိုလာသည်။ သိပ်ချစ်မေးချင်ပေမဲ့ အစ်ကို့ရဲ့ Personal ဆိုရင် အဆင်မပြေဖြစ်မှာဆိုးလို့ မမေးရဲ။ ခန အကြာမှာတော့ ဆေးရုံတစ်ခုရဲ့ ရှေ့မှာ ကားဟာ ရပ်လိုက်သည်။ ရှေ့ကနေ ခြေလှမ်းကျဲကျဲ ဖြင့်ထွက်သွားသော အစ်ကို့နောက်သို့ သိပ်ချစ် ခပ်သွက်သွက်လေး လိုက်နေရသည်။ ခပ်လှမ်းလှမ်းမှာ အစ်ကို့ရဲ့ မိခင် အန်တီလေးကို တွေ့ရသည်။ သိပ်ချစ်အနားရောက်လျှင်ပဲ အန်‌တီလေးက သိပ်ချစ်ကိုဖက်ကာ ချုံးပွဲချ ငိုတော့သည်။ အစ်ကိုမှာအရေးပေါ်အခန်းထဲသို့ ဝင်သွားနှင့်ပြီ။ မတော်လိုက်ရသည့် ယောက္ခမ ဆိုပေမဲ့ သိပ်ချစ်ကို ခုထိ အချစ်မပျက်သေးပေ။

“ ဘယ်သူ ဘာဖြစ်လို့လဲ တီ‌လေး”

“ သမီးရယ် တီလေး ပြောမထွက်ဘူးကွယ်၊ သမီးကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါကွယ်”

အရေးပေါ်အခန်းထဲမှာ အစ်ကို့ရဲ့ ရှိုက်သံသဲ့သဲ့ လေးကိုကြားနေရသည်။ သိပ်ချစ်မြင်လိုက်ရသည့် မြင်ကွင်းက....

“ ဟင်! ပါပါး နဲ့ မာ..မား....”

သိပ်ချစ် တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ အသက်ရှူဖို့ပင်မေ့သွားသည်။ ထိုနေရာမှာတင် လောကကြီးနှင် ခေတ္တ အဆက်ပြတ်သွားသည်။

“ သိပ်ချစ်! ညီမ‌ လေး သတိထားလေ၊ ညီမလေး ညီမလေး ကိုကြီးခေါ် နေတယ်! သတိထားအုံးဆို! မေမေရေ! လုပ်ပါအုံး ညီမလေး သတိမေ့သွားပြီ”

.......................

“ ဘယ်လိုဖြစ်ရတာလဲ မာမီရယ် ကျွန်တော့်ကို ပြောပါအုံး”

"အချစ်တဲ့လား"Where stories live. Discover now