"နင်တို့ထဲက ဘယ်သူတရားခံလည်း..."

ဂျောင်ဂုပြောတော့ ကောင်မလေးတွေမှာအတင်းငြင်းတော့သည်။

"ကျွန်မတို့ အဲ့လိုမလုပ်ရပါဘူး သခင်ကြီးရယ် ကျိန်ဆိုကျိန်ရဲပါတယ်... သခင်လေးအပေါ် ကျွန်မတို့အဲ့လို လုပ်စရာအကြောင်းမရှိပါဘူး..."

ဂျောင်ဂုမှာလည်း အသည်းအသန်ငြင်းနေတဲ့အိမ်အကူကောင်မလေးတွေကြောင့်စဥ်းစားရကြပ်သွားသည်။

"သခင်ကြီး ကျွန်တော် တခုလောက်ပြောချင်ပါတယ် သခင်ကြီးစိတ်ဆိုးလည်း သခင်ကြီးပေးတဲ့ အပြစ်ဒဏ်ကို ကျွန်တော်ခံယူပါ့မယ်...ကျွန်တော့်စိတ်ထင် သခင်ကြီးရဲ့သူငယ်ချင်းလုပ်တာလို့ထင်ပါတယ်..."

"ဟမ်...စောယွန်းလုပ်တယ်လို့ထင်တယ် ဟုတ်လား..."

"ဟုတ်ပါတယ် သခင်ကြီး အစထဲကသခင်လေးနဲ့ အဲ့အမျိုးသမီးက တည့်တာမဟုတ်ဘူး...အဲ့ဒါကြောင့် ကျွန်တော်ကတော့ အဲ့အမျိုးသမီးလုပ်တယ်လို့ထင်တယ်.."

ဂျောင်ဂုလည်းစဥ်းစားသွားသည်။ အိမ်တော်ထိန်းပြောသလို စောယွန်းလုပ်တာလားလို့ တွေးမိပြန်တော့လည်း ဖြစ်နိုင်ပါ့မလားလို့ထင်မိသည်။

"အင်း...ငါစုံစမ်း ကြည့်ဦးမယ်...ဒါနဲ့ စောယွန်းရော အခုရှိလား..."

"မရှိဘူး သခင်ကြီး မနက်အစောကြီးထဲက အပြင်ထွက်သွားတယ်..."

ယွန်းဂီမှာလည်း ထယ်ယောင်းဆေးရုံတက်ရတဲ့ သတင်းကြား၍ ဆေးရုံ ကို သတင်းမေးရန် ရောက်လာသည်။

"ဂျောင်ဂု..."

"ယွန်းဂီ လာလေ..."

"ထယ်ယောင်းက ဘယ်လိုဖြစ်တာလည်း..."

"ဝမ်းသွားတာပါကွာ..."

"ဖြစ်ရမယ်...ထယ်ယောင်းအခုရောသက်သာလား.."

"ဟုတ်သက်သာပါတယ် ညနေဆေးရုံးရတော့မှာ..."

"အော်..."

"ဒါနဲ့ ယွန်းဂီ စောယွန်း မင်းစီလာသေးလား..."

"လာပါ့ နေ့တိုင်းကိုလာတာ...အခုလည်း ငါ့ကုမ္ပဏီမှာကျန်ခဲ့တယ်.."

"အော်..."

"ဘာဖြစ်လို့လည်း ဂျောင်ဂု စောယွန်းကို ဘာလို့မေးတာလည်း.."

You've reached the end of published parts.

⏰ Last updated: Apr 13 ⏰

Add this story to your Library to get notified about new parts!

𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆Where stories live. Discover now