မန္တလာမြေမှစတဲ့ အချစ် Part-13(U&Z)

Comenzar desde el principio
                                    

"မောင့်ကို စားချင်ရင်လဲရတယ်နော်"

"မောင်နော် ဘာတွေလျှောက်ပြောနေတာလဲ"

Vita က ရှိုင်းကို မထိခလုတ်ထိခလုတ်လေးစနေတာပေါ့ ရှိုင်းလေးရဲ့ ရှက်ရမ်းရမ်းပြီး ခွန်းတုံ့ပြန်ပြောတာလေးကိုသူသိပ်သဘောကျပြီးအူယားနေတာ‌ပေါ့။

"ရှိုင်း သိလား မောင် စာအုပ်တစ်အုပ်ဖတ်ဖူးတယ် အဲ့စာအုပ်ထဲမှာ ပြောပြထားတဲ့ အကြောင်းအရာတစ်ခုကို သိပ်နားမလည်ဘူး ရှိုင်းရော သိချင်လား ဘာပြောတာလဲဆိုတာ"

"အင်း ပြောပြလေ"

"အဲ့စာအုပ်ထဲမှာပြောထားတာက
  [ချစ်သူအနမ်းနဲ့ နိုးထလာရတဲ့ မနက်ခင်းတွေက
    ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလဲလို့
    ခံစားကြည့်ချင်ပါရဲ့]တဲ့
မောင်လဲ အရင်ကတစ်ခါမှ မခံစားဘူးတော့နားမလည်ဘူး အဲ့ဒါကြောင့် မောင်လဲခံစားကြည့်ချင်ပါရဲ့ ရှိုင်းများ
မောင့်ကို........"

"မွခ်ျ..."😚

Vita ရဲ့စကားမဆုံးခင်မှာပဲ သု့ရဲ့နှုတ်ခမ်းပေါ်ကို ရောက်ရှိလာတဲ့ ရှိုင်း နှုတ်ခမ်းလေးရဲ့ အနမ်းချိုချိုလေးကကြည်နူးရတယ်ဆိုတာထပ်ကို ပိုနေပြီပေါ့။

Vita က အလွန်ပျော်သွားပြီး ရှိုင်းရဲ့ နှုတ်ခမ်းပါးလေးကို အချိန်အနည်းငယ်ကြာသည်အထိ တစ်ဖန်ပြန်ပြီ ဖိနမ်းလိုက်ပြန်တာပေါ့။

အချစ်တွေနဲ့ပြည့်နှက်နေတဲ့ ဒီမနက်ခင်းလေးမှာ ထိုလူသားလေးနှစ်ဦးဟာ ကြည်နူးပျော်ရွှင်နေပြီး နှလုံးသားထဲကလာတဲ့ အချစ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဂရုစိုက်ရင်း ချစ်ပေးနေကြတာပေါ့။

"ရှိုင်း ချစ်တယ်နော်"

"အင်း ရှိုင်းလဲ မောင့်ကိုချစ်တယ်"

Vita က ရှိုင်းရဲ့ဆံပင်လေးတွေကိုဖွကိုင်လိုက်ပြီး အချစ်မျက်ဝန်းလေးများဖြင့်ကြည့်ကာ

"ရှိုင်း မောင့်ကို ဟိုနားမှာစောင့်နေ မောင် ရှိုင်းစားဖို့ ယူလာခဲ့ပေးမယ်"

ရှိုင်းလေးက စောင့်နေပြီး Vita ဟာ သူပြင်ဆင်ထားတဲ့ မနက်စာတွေကို အကုန်ယူလာပေးလိုက်တာပေါ့။

မန္တလာမြေမှစတဲ့ အချစ်Donde viven las historias. Descúbrelo ahora