“‌ ဟေ့လူ !ခင်ဗျားကို ခင်ဗျား ဂျက်ကီချန်းများ အောက်မေ့နေသလား! ဟော်တယ်မှာ ရန်ဖြစ်နေရအောင်”

“ ငါ့ကိုလေသံ မာမာနဲ့ ပြောဖူးတာ မင်းပဲရှိတယ်၊အေး မင်းကိုဒီမှာတင် ငါသတ်လိုက်လို့ရတယ်၊ မင်းအသက်ထက် တန်ဖိုးကြီးတဲ့ ဒီဟော်တယ် ကိုတောင် ငါဝယ်နိုင်တယ် ဟေ့ကောင် ! ပါးစပ်ပိတ်ထား!”

အစ်ကိုဂျွန် ဒေါသထွက်တာ မြင်ရတာ ပထမဆုံးပင်။ သိပ်ချစ်တစ်ဘဝလုံး အစ်ကို ဒေါသထွက်တာ မမြင်ရတော့ဘူးထင်နေတာ။ ခုတော့လဲ ပျော်စရာကြီး၊ ပျော်စရာကြီးဆိုတာက လာရကျိုးနပ်တာကို ပြောတာပါ။ အစ်ကိုရော ကျွန်မဟာ ဇာရိတ္တ ကောင်းသူတွေမို့ ဒီလို နေရာမျိုးတွေ လာရတာဟာ အနည်းငယ် သိက္ခာ ကျသလိုပင်ခံစားရသည်။

..................

“ ‌‌ ကျေးဇူး တင်ပါတယ် ညီမလေး အစ်ကို့အတွက် အများကြီးစုံစမ်းပေးထားလို့”

“ အို မဟုတ်တာ ..ကိုယ့်အစ်ကိုမို့ လုပ်ပေးတာ ဘာမှမပင်ပန်းတာကို”

“ ဒီ‌‌ နေ့သာ ဒင်းတို့ကို ဖမ်းမမိရင် အစ်ကိုတော့သွားပြီပဲ ”

“ ဒါထက် အိမ်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းလေးက မဆိုးဘူးနော်!”

အစ်မဝတ်မှုံကို ပြောနေခြင်းဖြစ်သည်။ ဂျွန်ဟာ အစကတည်းက သိနေပြီးသားပါ။ ဝတ်မှုံဟာ သိပ်ချစ်ရဲ့ အမျိုးသမီးဆိုတာ။

“ ဟေး မနောက်နဲ့တော့ ခု‌တောင် ရန်ဖြစ်ထားတာ အဲ့ ကိစ္စနဲ့”

“ ဟုတ်လား၊ ဖြစ်သင့်တဲ့ အရာပဲလေ”

“ ဟင်!”

“ ကိုကြီးပြောမယ် ညီမ‌ လေး၊ လူတစ်ယောက်ဟာ သူ့ဘဝကို ကိုယ့်ဆီမှာပုံအပ် ကတည်းက အဲ့လူဟာ ကိုယ့်ကို ယုံလို့ အားကိုးလို့ ချစ်လို့ ဆိုတာသိရမယ်၊ အဲ့တော့ ကိုယ်ဟာ သူ့အတွက်ခွန်အားဖြစ်ဖို့ ကြိုးစားရမှာကွ”

“ ဟုတ်တယ်‌ နော် ”

“ ခုနက ကိစ္စ ကိုပဲကြည့် မေဂျုန်းဟာ အဲ့ကောင်ကိုချစ်တယ်၊ ချစ်လို့ပဲ အဲ့ကောင်ကို သူ့ဘဝတစ်ခုလုံး ပုံအပ်ထားတာ။ အဲ့ကောင်ကတော့ ဘာအဖြစ်မှ မရှိဘူး၊ ဆိုတော့ ......လက်တွဲဖော်အနေနဲ့ မရွေးဘူး ။တကယ်တမ်း မေဂျုန်းလက်ထပ်ချင်တာ ကိုကြီးလိုလူမျိုး”

"အချစ်တဲ့လား"Where stories live. Discover now