စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 2
------------
နေ့လည်ပိုင်းရောက်တော့ ရှေးခေတ်အယူအဆလားတော့
မသိ လက်ထပ်ပြီးတာနဲ့ မိဘတွေစီသွားရောက်ဂါ၀ရပြုရတယ် ရှောင်ကျန့်ကို၀တ်စုံအပြည့်၀တ်ဆင်ပေးလို့ လှည်းပေါ်ခေါ်တင်သွားတယ် သူလှည်းထဲရောက်ပြီးမကြာလိုက်
မနေ့ကမှလက်ထပ်ထားသောယောကျာ်းကလာထိုင်သည်။"ခင်ဗျား လိမ်လို့ရမယ်မထင်နဲ့နော်"
"ဘာကိုလိမ်လို့လဲ"
"ခင်ဗျားပဲလေ ကျန့်ကျန့်နဲ့မကွာရှင်းချင်လို့မှတ်လား ကိုယ့်ကိုယ်ကိုယ် စစ်သူကြီးအယောင်ဆောင်နေတာ အစေခံတွေကို
လည်း ကျန့်ကျန့်ကို စစ်သူကြီးကတော်ဆိုပြီးတော့ ခေါ်ခိုင်းတယ်""...."
"ကျန့်ကျန့်ကိုလာလိမ်လို့မရဘူးနော်...လိမ်ရဲလိမ်ကြည့် ဟွန့်..."
"ထင်ချင်သလိုသာထင်"
"ဒါနဲ့ ခင်ဗျားနာမည်ကဘယ်သူလဲ"
"...."
"ဘာလို့ဘာမှပြန်မပြောတာလဲ"
"မပြောချင်ဘူး"
"နာမည်ကမလှလို့မှတ်လား ကျန့်ကျန့်နားလည်ပါတယ်
ဒါကရှက်စရာမှမဟုတ်တာ ဘာပဲဖြစ်ဖြစ်ခင်ဗျားကနာမည်
မပြောပြဘူးဆိုတော့လည်း...ခင်ဗျားကို....ရေခဲတုံးလို့ခေါ်မယ်""...."
"ကျန့်ကျန့်နာမည်ကတော့...အရမ်းချော အရမ်းချစ်ဖို့ကောင်းတဲ့ ရှောင်ကျန့်ပါဗျ"
"အင်း"
"ရေခဲတုံး မနက်ကဘယ်သွားတာလဲဟင် လိုက်ရှာတာမရှိဘူး"
"နန်းတော် စစ်ရေးလေ့ကျင့်တဲ့နေရာ"
"ဟာ...နန်းတော်ထဲကိုလား"
ရှောင်ကျန့်စိတ်၀င်စားသွားသည် နန်းတော်ထဲတောင်မှလား
ဒါနဲ့ စစ်ရေးလေ့ကျင့်တဲ့နေရာမှာ ဘာလို့သွားတာလဲ။"ဘာရာထူးရှိလဲဟင်"
"သိအောင်ကြိုးစား"
"သာမာန်တပ်သားလေး မဟုတ်လား ပြောဖို့မရှက်ပါနဲ့ ကျန့်ကျန့်နားလည်ပါတယ်"
စစ်သူကြီး၀မ်ရဲ့ ပုခုံးကိုခပ်ဖွဖွလေးပုတ်လို့ ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ သူနားလည်ပါတယ် ဆိုပြီး အားပေးနေသယောင်။