"စစ်သူကြီးမျိုးရိုးဖြစ်ရင်သိပ်ကောင်းမှာပဲ..."

ရှောင်ကျန့်သက်ပြင်းချလို့ မနက်ဖြန်ကျရင် သူငယ်ချင်းတွေကို အဲ့လိုလိမ်ဖို့ဆုံးဖြတ်လိုက်ပြီး အခန်းအပြင်ဘက်ကို
ထွက်လာလိုက်သည်။

"သားကျန့်ရေ...မင်းနောက်ကျရင်မတတ်နိုင်ဘူးနော်
ဒီမှာမင်းရဲ့ ဟင်းတွေကို မင်းညီတွေကနိူက်နေကျပြီ!"

မားရဲ့အော်သံအပြီး ရှောင်ကျန့်တစ်ချိုးထဲပြေးတော့သည်
လှေကားထိပ်ကနေ မမေ့မလျော့လှမ်းအော်မိ‌လိုက်သေး
တယ်။

"ချန်ထားလေ..."

"နင်မြန်မြန်လာလေ!"

"လာပြီ! အား!!"

*ဗုန်း...ဝုန်း*

ရှောင်ကျန့်လှေကားပေါ်ကနေလှိမ့်ကျလို့ အရှေ့နံရံနဲ့ခေါင်းနဲ့
သွားမိတ်ဆက်လိုက်သည် သူ‌နောက်ဆုံးဝေဝေဝါးဝါးတွေ့ရတာဆိုရင် မားနဲ့ညီလေးကသူ့စီပြေးလာတာကိုပင်။

"အင်း......ဘယ်ရောက်နေတာလဲ...."

ရှောင်ကျန့်ကြည့်လိုက်တော့သူကလှည်းယာဉ်တစ်စီးပေါ်မှာ
သူ့ကိုယ်သူလည်းပြန်ကြည့်လိုက်တော့ အနီရောင်အကျီတွေနဲ့
အနီရောင်ဇာအပါးကလည်းဘေးနားမှာအရန်သင့် ဆံပင်တွေ
ကလည်းရှည်လို့ ဘေးနားမှာပြတင်းပေါက်အသေးလေး
လဲရှိတယ် သူဖွင့်လိုက်တော့ လူတွေကစီတန်းလို့သူ့ကိုကြည့်နေကြတယ် ဘာကြောင့်လဲတော့သူမသိပါ။

"သတို့သမီးရောက်ပါပြီ"

အပြင်ကနေအသံကိုကြားတယ် သတို့သမီးရောက်ပါပြီတဲ့လားရှောင်ကျန့်ယောင်ယန်းကာ သူ့အောက်သူငုံ့ကြည့်လိုက်
တယ်တော်သေးတယ် သူ့ဖွားဖက်တော်လေးရှိသေးလို့။

လှည်းတံခါးကိုလူ‌တစ်ယောက်ကလာဖွင့်ပြီးသူ့ကိုလက်ကမ်းပေးတယ် ရှေးခေတ်မဂ်လာဆောင်များဖိတ်တာလား မိုက်တယ်။

"ရှောင်ကျန့် အနီရောင်ခေါင်းဆောင်း ဆောင်းလေ"

"အမ်...ကျွန်တော်လား"

"ဒီကလေးနှယ် တယ်ခက်ပါလား လာလာ..."

ထိုသူကသူ့ကိုဇာအနီရောင်ကြီးခြုံပေးလို့အနောက်ကနေအသာလေးတွန်းသွားသည် နေပါဦး မဂ်လာဆောင်မှာသူ
မဟုတ်ဘူးလေ ဘယ်သူလဲ ဘာတွေဖြစ်နေတာလဲ ဘယ်ရောက်နေတာလဲ။

စစ်သူကြီးကတော်ဖြစ်လာခြင်း (Complete)Where stories live. Discover now