ဒေါသတွေထွက်ကာ အိမ်ရှေ့သို့ထွက်သွားတဲ့ဂျောင်ဂု ထယ်ဟျောင်းကတော့ သီချင်းလေးညည်းရင်းကိုယ်လုံးလေးကိုဘယ်ညာယိုင်းလို့ကနေကာမနက်စာပေါင်မုန့်ပြင်နေသည်..

အိမ်ရှေ့ဆိုဖာကနေ ထမင်းစားခန်းကိုလှမ်းကြည့်ရင်မြင်နေရတာကြောင့် ဆိုဖာမှာထိုင်ရင်းကော်ဖီသောက်နေတဲ့ဂျောင်ဂု အိမ်နောက်ခန်းက သူကိုလုပ်ပြီးသီချင်းညည်းနေနိုင်တဲ့ ထယ်ဟျောင်းကိုဒေါသဖြင့်လှည့်ကြည့်မိတော့ Tshirt အပါးသားလေးက လျော့ရွဲကာ ပခုံးတဖက်ကိုစောင်းပြီးလျောကျနေသလို အိမ်နေရင်းဘောင်းဘီအတိုအကြပ်လေးကြောင့် အနောက်ကမြင်နေရတဲ့ တင်ပါးလုံးလုံးလေးကထင်းလို့ လှုပ်ပြီးကနေတဲ့ ခန္တာကိုယ်အနွဲ့အနှောင်းကလည်း စည်းချက်ကျနေသလို ဂျောင်ဂုမှာသောက်နေတဲ့ကော်ဖီတောင်သီးသည်..

"အဟွတ်... ဒီကောင်ကွာ တောက်!!! ဟင်းးး "

လှည့်ကြည့်မိပြန်တော့ ဂင်မ်ထယ်ဟျောင်းရဲ့အနောက်ပိုင်းအလှကြောင့် ဒေါသထက် သက်ပြင်းပိုချမိပြန်သည်..ရှေ့ကိုသာပြန်လှည့်နေပြီးကလဲ့စားခြေရန်စဥ်းစားမိကာ လူယုတ်မာပြုံးပြုံးလိုက်တာဂျောင်ဂု.

မနက်စာစားလို့ပြီးတော့ ကော်ဖီမသောက်တက်သလိုကျန်းမာရေးလိုက်စားတဲ့ ထယ်ဟျောင်းက မနက်ခင်းရေနွေးကြမ်းခွက်လေးကိုင်လို့ အိမ်ရှေ့သို့ပြန်ထွက်လာချိန် ဂျောင်ဂုကလည်းအပြင်သွားရန်အိမ်ပေါ်ကနေဆင်းလာသည်..

တယောက်နဲ့တယောက်မျက်နှာခြင်းဆိုင် ပေစောင်းစောင်းကြည့်ကာ အပြင်ထွက်လို့သွားတဲ့ဂျောင်ဂုနဲ့ ဆိုဖာမှာထိုင်လိုက်တဲ့ ထယ်ဟျောင်း..

ဂျောင်ဂု အိမ်ရှေ့တံခါးမကြီးအပိတ်မှာ အိမ်ထဲက ငှက်ဆိုးထိုးသံအလားကျယ်လောင်စွာသူနာမည်ကိုအော်ဟစ်လိုက်တဲ့ ထယ်ဟျောင်းရဲ့အသံကိုကြားလိုက်ရမှ ပြုံးပျော်လို့ထွက်သွားတဲ့ ဂျောင်ဂုမျက်နှာ ထယ်ဟျောင်းကိုမြင်စေချင်သည် .

" ဂျွန်ဂျောင်ဂု!!!!!!!!!"

ဘာကြောင့်ဒီလောက်တောက်အော်ရသလည်းဆိုရင် ထယ်ဟျောင်းရဲ့ ချစ်လှစွာသော idol ကင်နမ်ဂျွန်းရဲ့ ဓာတ်ပုံမှာ နှုတ်ခမ်းမွှေးတွေ မှုတ်ဆိတ်မွှေးတွေ နားကပ်တွေ ဆွဲသွားခြင်းကြောင့်ဖြစ်သည်...

𝕄𝕣. 𝕄𝕣 (complete) Donde viven las historias. Descúbrelo ahora