“ အေး ...တို့ပြောမယ်  မင်းသူငယ်ချင်း တွေထဲမှာ မင်းရဲ့ အိပ်ယာပေါ်က ဆန္ဒကို ဖြည့်ဆည်းပေးဖူးတဲ့ သူငယ်ချင်းတွေရှိလား ပြောပါအုံး! ပြောပါအုံး နေနိုင်သူကြီးရဲ့! အဟင့် ဟင့်”

“ မမက ညီမရဲ့ သူငယ်ချင်း မဟုတ်ဘူးဆို ဘာလဲ”

“ဘာ! တို့က မင်းရဲ့ ဆန္ဒတွေကိုအကြိမ်ကြိမ် ဖြည့်ဆည်း ပေးခဲ့တာတောင် တို့က မင်းရဲ့ Friend Zoneထဲ ကမထွက်နိုင်သေးပါလား ဟင်”

“....”

သိပ်ချစ်ဘာတစ်ခွန်းမှ ထပ်မပြောတော့ပေ။

“ တို့ ကမင်းသူငယ်ချင်း ဖြစ်ချင်လို့ မင်းရဲ့လိုအင်‌ တွေကို လိုက်လျောခဲ့တာမဟုတ်ဘူး၊ မင်းရဲ့ မိန်းမ ဖြစ်ချင်လို့ကွ သိရဲ့လား! ”

“အခု လည်းဖြစ်နေတာပဲ‌ လေ ”

“အခုတို့က မင်းရဲ့ အပျော်မယား သာသာ ပါပဲ၊ အတူတူရှိတဲ့အချိန်‌ တွေဆို မင်းရဲ့ ပျော်တော်ဆက်ပေါ့၊ တစ်ခြားအချိန်တွေဆိုရင်ဖြင့် တို့က မင်းရဲ့ သူငယ်ချင်း!ဟင့်! ဟုတ်တယ်မလား!ဟုတ်တယ်မလားလို့!”

သိပ်ချစ်၏ ရင်ဘက်ကို ထုရင်း ရှိုက်ကာ ပြောနေသည့် မမ ကို သိပ်ချစ်သနားပါသည်။ မမ ပြောတာတွေဟာ အကုန်မှန်ပါသည်။ နှစ်ယောက်တည်း ရှိတဲ့ အချိန်တွေဆို မမဟာ သိပ်ချစ်ရဲ့ ပဲ့ကိုင်ရှင် ဇနီးတစ်ယောက်ပါ။ သို့သော် ထိုအရာကို အများရှေ့မှာ ချပြဖို့ သိပ်ချစ် သတ္တိမရှိ သေးတာကိုတောင်းပန်ပါတယ်မမ။

................

ဧည့်ခန်းရှိနာရီကို ကြည့်လိုက်တော့မနက် 1နာရီတောင် ထိုးနေပြီ။ သိပ်ချစ် မှာခုထိအိပ်မရသေး။ တွေးရင်း တောရင်း ရှေ့မှာရှိတဲ့ ဝိုင်ပုလင်းဟာလဲ တစ်ဝက်ကျိုးနေပါပြီ။ ဒီလောက်ဆို အိပ်ပျော်ဖို့သင့်ပါပြီလေ။ အခန်းထဲကို ဝင်လိုက်တော့ မမဟာ အိပ်ပျော်နေလေပြီ။ နှစ်နှစ်ခြိုက်ခြိုက်တော့ မဟုတ်ပေမဲ့ပေါ့။ အနည်းငယ် ဝဲကျနေသည့် မမ ရဲ့ ဆံနွယ်လေးတွေကိုသပ်တင်ကာ နဖူးထက်သို့ အနမ်းခြွေလိုက်သည်။ ပထမဆုံး မြတ်မြတ်နိုးနိုးနဲ့ မမကို နမ်းခြင်းပါ။ ထိုမှ တစ်ဆင့် ပါးပြင်လေးကို ခပ်ဖွဖွလေး ထပ်နမ်းမိသည်။ ကြည်နူးဖို့ကောင်းလိုက်တဲ့ အခိုက်အတန့်ပင်။ နှုတ်ခမ်းလေးတွေကို နမ်းဖို့ ပြင်တော့ မမရဲ့ မျက်လုံးတွေဟာ ဖွင့်လာခဲ့ပြီး သိပ်ချစ်ကို တွန်းထုတ်လိုက်သည်။

"အချစ်တဲ့လား"Where stories live. Discover now