“သမီး  သမီး လေးကို ယုံကြည်ပြီး လိုက်လာတဲ့သူကို အဲ့လို မပြောရဘူး၊ သမီးမေမေ ပြောသလိုပဲ သမီးမှာတာဝန်အပြည့်ရှိတယ် မမကို ဖေးမကူညီရမယ်၊လေးစားချစ်ခင်ရမယ်၊ မမ အားကိုးရတဲ့သူဖြစ်အောင် ကြိုးစားရမယ် ဖေဖေ ပြောတာနားလည်လား ”

မမ တဲ့လား။ နူးညံ့လိုက်တာ၊ ကိုယ်တိုင်က အစ်မ လို့ပဲ သုံးနှုန်းလာခဲ့တာ၊ အခုပါပါး ပြောတော့မှ မမ ဆိုတဲ့ နာမ်စာလေးဟာ ပိုပြီးစွဲမက်ဖို့ကောင်းတာသိသွားတာ။

“‌ ပါး ပြောတာတွေ နားထောင်နေရဲ့လား!!”

“အို့! လန့်တာ နားထောင်နေပါတယ် အပါးရဲ့”

သိပ်ချစ်၏ မအူမလည် ပုံစံကြောင့် ဧည့်ခန်းထဲရှိ ဖေဖေ၊မေမေ နှင့်အတူ မမ ဆိုသည့် ထိုအမျိုးသမီးဟာလည်း ပြုံးစိစိနှင့်ပင်။

...................................

“မမ”

“ဟင် အို မင်းဘယ်လို ဖြစ်နေ!”

မီးဖိုချောင်မှာ ချက်ပြုတ်နေသည့် ဝတ်မှုံကို အနောက်ဘက်ကနေ သိုင်းဖက်ကာ ရင်ဘက်တွေကို ထိစမ်းနေသည့် သိပ်ချစ်။

“ဘာဖြစ်‌ နေလို့လဲ ညီမက”

“မင်း မင်း လက်တွေ ဖယ်ပါ”

“မကြိုက်လို့လား ခါတိုင်း ကိုင်နေကြကို ”

“ မင်း....‌ တော်ပါကွာ ဟင်းချက်နေတယ် ၊ လက်တွေ ဖယ်တော့”

“အင်း”
ထိုမျှသာပြောပြီး သိပ်ချစ်  ဝတ်မှုံကို စေ့စေ့ ကြည့်ကာ ချာကနဲ့ လှည့်ထွက်သွားသည်။

:သူစိတ်ဆိုးသွားပြီပဲ ဟူး: ဝတ်မှုံ စိတ်ထဲကနေတွေးနေမိသည်။ သူကျေနပ်အောင် တစ်ခုခု ပြန်လုပ်ပေးရမည်မဟုတ်လား။

ဝတ်မှုံ သိပ်ချစ်ဆီရောက်တာ တစ်လလောက်ရှိပြီမို့ အရင်လို တစ်ယောက်နှင့်တစ်ယောက်မစိမ်းတော့ပေ။ အရင်ကထက် ရင်းနှီးလာကြသည်။ ရင်းနှီးဆို အိပ်ယာထက်မှာ အတူတူ နှီးနှော ပြီးကြပြီမဟုတ်လား၊ အဲ့လို လုပ်ခြင်းဟာ လူနှစ်ဦးကို သံယောဇဉ် ပိုစေသည်ဟူ၍ ဝတ်မှုံ ကြားဖူးနားဝရှိသည်။ သို့သော် ကိုယ်တိုင်ကြုံမှ လက်ခံတော့သည်။

"အချစ်တဲ့လား"Opowieści tętniące życiem. Odkryj je teraz