" အဲဒါ ဘယ်သူလဲ... ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူအကြောင်းကို ငါတို့ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ..."

" တကယ်လို့ သူ့ရဲ့ အသွင်အစစ်က ဒီမျက်နှာလေးဆိုရင်တော့ တော်တော်လှတာပဲ... နျဉ်ယွင်ရှင်းနဲ့ တခြားလူတွေ ဘာလို့ နှစ်ပေါင်းများစွာကြာတာတောင် သူ့ကိုစိတ်ဝင်စားနေရတာလဲ ငါသဘောပေါက်ပြီ..."

" အဲဒါ... အဲဒါ ရှန်းလျိုရှန့်မလား... ဘာလို့ သူ့ကိုယ်သူ သာမန်လူတစ်ယောက်ပုံစံ ရုပ်ဖျက်ထားရတာလဲ... အဲ့လိုအလှလေးမျိုးကို တစ်လောကလုံးက တွေ့သင့်တာလေ..."

" အာ ငါလည်း ချင်းလင်ဂိုဏ်းကို ဝင်ချင်လာပြီ..."

ယဲ့ရှစ်မှာမူ အံဩတကြီးဖြစ်နေဆဲပင်။

ရှန်းလျိုရှန့်အပေါ် သူ၏စိုးရိမ်မှုများက ပေါက်ကွဲလုဆဲဆဲ အနေအထားတစ်ခုတွင်ရှိနေသည်။ ဤမြင်ကွင်းကို တွေ့လိုက်ရသည့်အခါ သူ့စိတ်ထဲပို၍ စိုးရိမ်ပူပန်လာသည်။ သူ ဝမ်းနည်းစွာဖြင့် တွေးလိုက်သည်။
ငါတော့ ကိုယ့်အသုဘအတွက် ကြိုပြင်ထားရတော့မယ်...

သူ မနက်ခင်းပိုင်းတွင် ရှန်းလျိုရှန့်ကို အရှက်မဲ့ရှန်းဟု သုံးနှုန်းကာ သူ့အကြောင်းများ ပြောဆိုခဲ့စဉ်တွင် ရှန်းလျိုရှန့်က တက်တက်ကြွကြွ ထိုင်နားထောင်ခဲ့သည်။ သူအပေါ်ယံတွင် အေးအေးဆေးဆေးနေနေသော်လည်း စိတ်ထဲတွင်မူ သူ့အကြောင်းပြောသူကို သတ်ပစ်ရန် ကြံစည်နေပုံပင်။

ယဲ့ရှစ်၏ခြေထောက်များ ပျော့ခွေလာပြီး မြေပြင်တွင် ဒူးထောက်မိလုမတတ် ဖြစ်လာသောကြောင့် ဆရာတူညီလေး ညီမလေးများက အမြန်ပြေးလာပြီး သူ့ကိုလာထူကြသည်။

သူတို့၏မျက်နှာများတွင် အပြုံးများဖြင့် တောက်ပနေပြီး သူတို့အားလုံးက အလွန်အကောင်းမြင်နေသည်။

" အား သူ့ပုံစံက အခုပိုကြည့်ကောင်းသွားတာ... ဒီလိုမျက်နှာလေးရယ် အဲ့လောက်မြင့်တဲ့ ကျင့်ကြံဆင့်ရယ်ဆိုရင် နျဉ်ရှစ်ရှု့နဲ့ဖြစ်ဖြစ် ကျောက်ရှစ်ရှုန်းနဲ့ပဲဖြစ်ဖြစ် ငါတို့ ဓားဂိုဏ်းဘက်က ဆုံးရှုံးစရာ မလိုတော့ဘူး..."

ပန်းလေးလိုလှတဲ့ ‌ဗီလိန်ရှစ်စွမ်းWhere stories live. Discover now