One Shot

263 31 0
                                    

  မထင်မှတ်ဘဲတွေ့ရှိမှုတွေက တွယ်ငြိမှုတွေဖြစ်သွားနိုင်လား။မမျှော်လင့်တဲ့ကံကြမ္မာနဲ့ပဲ အနားကိုရောက်လာပြီး တစ်ဘဝစာပြိုလဲပစ်ဖို့ထိုက်တန်နေပြန်တယ်။
       "ဟာ အရေးထဲမှ စာအုပ်ကကုန်နေပြန်ပြီ"
စိတ်ပျက်စွာရေရွတ်နေမိသူက လီနိုဘန်။
    "အပိုမပါဘူးလား နင်ကတော့အမြဲအဲ့လိုပဲ ငါ့မှာလည်းချေးပေးစရာမရှိဘူး ဒီနေ့မှ ငါလည်းစာအုပ်အသစ်အပိုထည့်မလာမိဘူး"
   "အေး ကောင်းတာပေါ့"
မီရယ့် စကားကို ရွဲ့ကာ‌ဖြေလိုက်တော့ မျက်စောင်းထိုးခံရသည်။ စိတ်ညစ်ညစ်နဲ့ အလယ်ခွဲထားတဲ့ဆံပင်ထဲလက်ထိုးထည့်ကာ ဘေးကိုကြည့်လိုက်တော့ ခြေထောက်လှလှလေးတစ်စုံ ။
    "ဟို ယူအခက်အခဲဖြစ်နေတယ်ထင်တယ် စာအုပ်မပါတာ ကြားမိလို့ အပိုပါလို့လာငှားပေးတာပါ မနက်ဖြန်မှပြန်ပေးလည်းဖြစ်ပါတယ်"
      သူမအသံဟာ ချိုသာလွန်းသည်။အသားအရည်ကဝင်းဝါပြီး ‌ခဲရောင်ဆံနွယ်လေးများနှင့်။စိတ်ထားကောင်းသလို ကြင်နာတတ်တာပဲ ။သူမရဲ့မျက်နှာလေးကရော.....။တကယ်ကိုလှပါသည် ပန်းလေးတစ်ပွင့်ဖူးပွင့်နေသည့်အတိုင်းသူမကတကယ်ကို ငွားငွားစွင့်စွင့်နဲ့လှပပါသည်။
       "ဟဲ့ ဖြေလိုက်ဦးလေ ယူရင်ယူမယ် မယူရင်မယူဘူးပေါ့ တကူးတကလာပေးတာ အားနာစရာ"
မီရယ်ပြောမှ အသိကပ်လာတဲ့ လီနိုဘန်ဟာ အားနာစွာပြုံးရင်း
      "အင်း တကူးတကလာကူညီတာကျေးဇူးတင်ပါတယ် ငါယူလိုက်မ‌ယ်လေ မနက်ဖြန်သေချာပေါက်ပြန်ပေးပါမယ်"
   "အင်း ရပါတယ်"
လှည့်ထွက်မည်ပြုတဲ့သူမလက်ကိုလှမ်းဆွဲလိုက်တော့ တအံ့တဩလှည့်ကြည့်လာလေသည်။
   "နာမည်  မင်းနာမည်ပြောခဲ့ဦးလေ"
   " အာ  ဟုတ်သား ချန်း လို့ခေါ်လို့ရပါတယ် နာမည်က ချယ်ယောင်း မျိုးရိုးက ပတ် ပါ"
     "ချန်း လို့ပဲမှတ်ထားလိုက်မယ် နာမည်ရှည်ရှည်တွေအတွက် ဦးနှောက်ကနေရာမဆံ့လို့"
      "ဒါဆို ချန်း သွားတော့မယ်"
    "Ok "
ထိုမိန်းကလေးထွက်သွားပြီးတဲ့နောက် မီရယ်က ကျောကုန်းကို ရိုက်ကာ
    "‌လီနိုဘန်တို့ကတော့နော် စေတနာရှိအောင်မပြောဘူး ဟိုက တကူးတကလာလည်းပေးရသေး အကျောကြီးနဲ့ သူမို့လို့ငှားပေးခဲ့တာ ငါသာဆိုပါးဆွဲရိုက်ခဲ့မှာ"
   မကျေမနပ်ပြောသည်။
"အင်း အခုသူကနင်မဟုတ်တော့မရိုက်ဘူးလေ အာရုံနောက်စရာနင့်ပါးစပ်ကိုပိတ်ထားပေးမလား ဆရာရောက်လာပြီ ငါစာပဲအာရုံစိုက်ချင်လို့"
   "အလကား စာကြိုးစားချင်ယောင်ဆောင်တဲ့ လန်နိုဘီ"
   "ရား ဘာကို လန်နိုဘီလဲ ငါ့ကိုနာမည်မဖျက်နဲ့ ချွဲမီရယ် နင့်အပေါက်ကိုအခုပိတ်ထားလိုက်တော့"
   လီနိုဘန် ဒေါသဖြစ်ရင်တော့ မီရယ်ကြောက်ရပါသည်။လီနိုဘန်ဟာစာတော်တဲ့စံပြကျောင်းသူ။မသိနားမလည်တာတွေကို သူ့ကိုအပူကပ်ကာ ရှင်းပြခိုင်းရသည်မလား။စိတ်တခါဆိုးရင်တစ်ပတ်လောက်က စာမေးလို့မရတော့သည်မို့ ဒေါသထွက်နေရင်အထွန့်မတက်ရဲ။အတန်းထဲဝင်လာသော ဆရာ ရှင်းပြနေသည်ကိုသာ ပြူးကြည့်နေခဲ့လိုက်သည်။

ᶜʰᵃᵉⁿᵍWhere stories live. Discover now