မိဝေ့ရီခွန်း တီငယ့် လက်ချက်ပါ ထပ်ခေါက်ခံချင်နေတာလား
ဟီးဟီး ဟုတ်ပါဘူး တီလေးရဲ့ သမီးကစတာပါနော် ဟဲဟဲ
ဟွန်း ဒီတူမလေးတစ်ယောက်ပဲရှိလို့ အလိုလိုက်ထားပါတယ် ဆိုးလိုက်တာမှပြောမနေနဲ့
သမီးကမဆိုးပါဘူးနော် လိမ္မာပါတယ် တီလေးရဲ့
ဪ ဟော ဟုတ်လား ကျုပ်တော့ မကြားဖူးပေါင်ပါတော်
တီလေးနော် သမီးက တစ်ခါလေးပဲဆိုးတာပါ ခဏခဏမဆိုးပါဘူး
ဟင်း ရှင်ပြောတော့လည်းရှင့်စကားပေါ့တော်
တီလေးကလည်း......
ကဲ သမီးငယ် ရေသွားချိုး ပြီးရင် ညနေစာချက်ဖို့လာကူလှည့်
ဟုတ် တီငယ်...."
အပေါ်ထပ်သို့ တက်သွားပြီဖြစ်တဲ့ တူမဖြစ်သူကိုကြည့်ရင်း ညီအစ်မနှစ်ယောက် အပြုံးကိုယ်စီဖြင့်သာ ခေါင်းယမ်းနိုင်တော့သည်
အစ်ကိုဖြစ်သူတို့ လင်မယားဆုံးပါးသွားပြီးနောက်ပိုင်း သူမတို့ညီအစ်မနှစ်ဦးကသာ ပြုစုစောင့်ရှောက်လာခဲ့ရသည်မို့ သူမတို့သမီးလေးလိုသတ်မှတ်ထားသည့်ကလေးရယ်ပါ
တူမဖြစ်သူကိုချစ်လွန်းပြီး ဂရုစိုက်တတ်လွန်းတာမို့ ကိုယ်စီအိမ်ထောင်မပြုတော့ဘဲ တူမရီးသုံးယောက်တည်း နေထိုင်လာခဲ့တာ ဒီကလေး အထက်တန်းကျောင်းသူအရွယ်ထိပေါ့
အစ်မလတ်ဖြစ်သည့် ဒေါ်ခင်သဉ္ဇာမြင့်က အထက်တန်းကျောင်းအုပ်ဆရာမဖြစ်ပြီး ညီမအငယ်ဆုံးဖြစ်သည့် ဒေါ်ခင်ဆွေနှင်းက တက္ကသိုလ်နည်းပြဆရာမတစ်ယောက်ဖြစ်သည်မို့ သည်အဒေါ်နှစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာ လိမ္မာရေးခြားရှိပြီး သွက်လက်ထက်မြတ်စွာ ကြီးပြင်းလာသည်က ပီတိဖြစ်စရာပါလေ
သူမတို့အစ်ကိုကြီးက အရိုးအထူးကုဆရာဝန်ဖြစ်ပြီး ယောင်းမဖြစ်သူက Jewellery designer တစ်ယောက်မို့ ထက်မြတ်သည့် မိဘနှစ်ပါး၏ဉာဏ်ရည်ကိုလည်း "ခွန်းလေး"က အမွေရထားပြန်သည်
အစ်ကိုဖြစ်သူတို့ချန်ထားရစ်ခဲ့သည့် စည်းစိမ်ဥစ္စာတွေကို "ခွန်းလေး" အရွယ်ရောက်လာသည့်အခါမှသာ လွှဲပေးဖို့ ရှေ့နေနှင့်စီစဉ်ထားသည်
Part-1💕
Mulai dari awal
