သူက စကားလည်းပြောအပြီး ပုခုံးတောင်တွန့်ပြလိုက်သေးတာမို့ "ခွန်း"မှာ သူမရှေ့က "ဇေ့"ကို တစစီလုပ်ပစ်ချင်စိတ်ပေါက်လာရသည်
သူ အဲ့လိုစကားကို ကပ်သတ်ပြောတတ်မှန်း "ခွန်း"မသိတာမဟုတ် သိသည်
အဲ့လိုအချက်တွေကြောင့်လည်း တဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ ကြည့်မရဖြစ်လာတာဖြစ်သည်

မျက်နှာချောချောနဲ့မလိုက်အောင် ပြောင်တိပြောင်စပ်လုပ်ပြနေသည့် ဒင်းကြောင့် သူမသာ ဒီနေရာမှာသာဆက်ရှိနေရင် သူ့ကိုဒေါသထွက်ရလွန်းလို့ သွေးတက်ပြီး ဆေးရုံရောက်ကိန်းပဲရှိသည်မို့ ထိုနေရာမှအမြန်လှည့်ပြန်လာခဲ့လိုက်သည်
ဒါတောင် ဒင်းက အနောက်ကလှမ်းအော်နေလိုက်သေးသည်

"" ဟေး မဒီချောလေး ငါ့ကိုစိတ်ဆိုးပြီး အိမ်ပြန်တာ လမ်းမှာဂရုစိုက်ဦးနော် တော်ကြာ ချောလဲနေမှ မနက်ဖြန်ကျောင်းမလာနိုင်ပဲနေမယ်နော် ငါကစေတနာနဲ့သတိပေးတာနော် ကြားလား ဟေ့ ဝေ့ရီခွန်း "
အဟွန်း စိတ်ဆိုးတာလေးက မိန်းကလေးဆန်လာလိုက်တာကွာ
အရင်က ဝေ့ရီခွန်းက သည်လိုမှမဟုတ်ပဲ

" ဒင်း သည်လိုမျက်ခွက်ပြောင်လွန်းလို့ ကျောင်းအုပ်ကြီးရုံးခန်းခဏခဏရောက်နေတာ
မျက်နှာရူးကောင် အစုတ်ပလုတ် ""

💕                     💕                            💕

" ဟဲ့ဟဲ့ ဘယ်လိုဖြစ်လာတာတုန်း မိခွန်းရယ် အိမ်ထဲဝင်လာတာကို မိန်းကလေးဆန်ဆန်လေးဝင်လာပါလား ဘယ်လိုဖြစ်လို့ ဝုန်းဒိုင်းကျဲပြီးဝင်လာရတာလဲ ငါ့ဆက်တီခုံတွေ ကျိုးပဲ့လို့ကတော့ နင်ဘွဲ့ရရင် အသစ်ပြန်ဝယ်ပေးဖို့ စာရင်းမှတ်ထားမှာနော်

ကျစ်စ် တီလေးတို့ကလည်း သမီးကိုဆို ဆူဖို့ချည်းပဲ

ဪ ညည်းလေးက ကောင်းတာလေးလည်း လုပ်တတ်တာဆိုတော့လေ ကျုပ်တို့ကမဆူပဲ ကန်တော့ပွဲနဲ့ ကြိုဆိုနေရဦးမှာလားတော်

အင်း အဲ့လိုလေးဆိုမဆိုးဘူး တီလေး လုပ်ကြည့်ပါလား

တယ် ငါခေါက်ထည့်လိုက်ရ ပြောနေတာကိုအကြောက်အလန့်မရှိ ပြန်ပြောနေလိုက်သေးတယ်

အဟင့် တီလေးနော် ခေါက်ထည့်လိုက်မယ်သာပြောတာ လက်ကဖြင့် ခေါင်းကိုခေါက်ပြီးနေပြီကို လေကုန်ခံပြီးပြောနေသေးတယ် ကျောင်းဆရာမလက်လို့မပြောရဘူး လက်ကအရင်ခေါင်းဆီရောက်နေပြီ

"လိုချင်တာမင်းရဲ့အချစ်"Where stories live. Discover now