" ဟယ်လို အားလုံးပဲ အခု ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ချိန်ကို ရောက်ပါပြီး။ ဝင်လာပြီး အားလုံးနဲ့ စကားစမြည်ပြောခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ် " မုရှင်းယုက ပြုံးပြီး ဖြေပေးဖို့ ဖန်သားပြင် မှတ်ချက် များစွာထဲက မေးခွန်းအချို့ကို ရွေးလိုက်တယ်။

barrage ပို့စ်အပြင် ပရိသတ်တွေကလည်း လက်ဆောင်တွေ တက်ကြွစွာနဲ့ ပေးကြပြီး ရွှေဥလက်ဆောင်တွေ အကြိမ်ပေါင်းများစွာ ပေါ်လာခဲ့တယ်။

ဤသည်မှာ Weibo တိုက်ရိုက်ထုတ်လွှင့်မှု၏ စည်းမျဉ်းအသစ်ဖြစ်သည်။ အဆင့်အမြင့်ဆုံးလက်ဆောင်သည် သေးငယ်သောပမာဏမဟုတ်ပေ ယွမ်၁သိန်းနှင့် တူညီသည်။

အဆင့်အမြင့်ဆုံးလက်ဆောင်ပေါ်လာသောအခါတွင် အပိုင်းပိုင်းကွဲသွားသည့် ရွှေဥကြီးတစ်လုံး၏ ပုံသည် မျက်နှာပြင်ပေါ်တွင် ပေါ်လာမည်ဖြစ်သည်။ အထူးသဖြင့် အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။

" အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလက်ဆောင်တွေကို အဖွဲ့သားတွေက ဆင်းရဲနွမ်းပါးတဲ့ တောင်တန်းဒေသတွေကို လှူဒါန်းသွားမှာပါ။ ပြည်သူ့အကျိုးပြု လူမှုဖူလုံရေး လုပ်ငန်းတွေမှာ ကူညီပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

ဤတိုက်ရိုက်ထုတ်လွှင့်မှုက တီဗီစီးရီးပရိုမိုးရှင်း လုပ်ဖို့ရှိနေသရွေ့တော့ အဖွဲ့သားတွေဟာ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ရတဲ့ဝင်ငွေအားလုံးကို ဆင်းရဲနွမ်းပါးတဲ့ တောင်တန်းဒေသတွေကို လှူဒါန်းမယ်လို့ Weibo မှာ တင်ထားပြီးသားပါ။

မုရှင်းယုသည် ကြီးမားသော လက်ဆောင်များပေးသော ပရိသတ်များကြားတွင် သူ့အမေနှင့် ' ကြယ်ကြွေတာမြင်ရဖို့မင်နောက်လိုက်ခဲ့မယ်' နှစ်ယောက်စလုံး ပေါ်လာသည်ကို သတိပြုမိသည်။

သူက ' ကြယ်ကြွေတာမြင်ရဖို့မင်နောက်လိုက်ခဲ့မယ် ' ဆိုတဲ့ ပရိတ်သတ်ကို အရမ်းသိချင်တယ်။

ဒီပရိတ်သတ်က သူကို နောက်ကွယ်မှာ တိတ်တဆိတ်ကူညီပေးခဲ့တယ်။သူအခွင့်အရေးရရင် ဒီပရိတ်သတ်ကို ကျေးဇူးတင်ကြောင်း ပြောချင်မိတယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now