ကုယွမ်ကျိုးက မကျေမနပ်ဖြစ်တယ်။ " ကိုယ် မင်းကိုတွေ့ချင်တာ သူ့ကိုမဟုတ်ဘူး! "

မုရှင်းယုကက ကျယ်လောင်စွာ ရယ်မောတယ်။ " သူက အမျိုးသားဇာတ်ဆောင်ဆိုတော့ သူက ကျတော့်ထက် ဇာတ်ရ​ပိုရတယ်လေ "

" မေ့လိုက်တော့ ရုပ်ရှင်ဇစ်မြစ်ကိုဘဲ တောင်းကြည့်တော့မယ် " (ပြောချင်တာက မုရှင်းယုအပိုင်းတွေဘဲ တောင်းပြီးကြည့်မယ်ပေါ့)

ရင်းနှီးမြှုပ်နှံသူ တစ်ယောက်အနေနဲ့ ကုယွမ်ကျိုးမှာလည်း သူ့ကိုယ်ပိုင်အခွင့်အရေးတွေရှိတယ်။ အရင်က သူ ဒါကို မလိုအပ်ဘူးလို့ တွေးမိပြီး မုရှင်းယုနဲ့ ဒရာမာဇာတ်လမ်းတွဲကို ကြည့်ရတာ ပိုစိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ဇာတ်ဝင်ခန်း တော်တော်များများဟာ ကျန်းကျိတုန်ကြီးဘဲ ဖြစ်တာကြောင့် သူနောက်ထပ် မလိုက်ချင်တော့ဘူး။

" ဒရာမာတွေကြည့်ရတာ ပျော်စရာကောင်းပါတယ်။ ဒါရိုက်တာကျန်ရဲ့ တီဗီဒရမ်မာတွေက အရမ်းကောင်းတာမို့ ခဏလောက် စိတ်ရှည်ရှည်နဲ့ စောင့်လိုက်ပါ " မုရှင်းယုက အလျင်စလိုပြောတယ်။

ကုယွမ်ကျိုးသည် မုရှင်းယု၏ ကြိုးစားအားထုတ်မှုကို လက်လွှတ်မခံချင်သောကြောင့် အဆုံးတွင် ဇာတ်ကား၏ အရင်းအမြစ်ကို မတောင်းဆိုတော့ဘဲ မုရှင်းယုနှင့် ဆက်လက်ကြည့်ရှုခဲ့သည်။

နောက်ဆုံးတွင် ဖန်သားပြင်သည် ပြောင်းလဲသွားပြီး ခန်းမထဲတွင် Chen Guo chao တွင် ဖြစ်ပျက်ခဲ့သည်များကို ပြောပြခဲ့သည်။

ထိုအချိန်တွင် ချန်ပြည်နယ်သည် ဆွေးမြေ့ ဆုတ်ယုတ်လာကာ နေရာ အသီးသီးတွင် အုံကြွမှုများ ဖြစ်ပွားခဲ့သည်။

မနက်ခင် ညီလာခံတွင် ဝန်ကြီးတွေက ပုန်းကန်နေသော မင်းသားများကို ဘယ်လိုနှိမ်နင်းရမလဲဆိုတာ ဆွေးနွေးနေ ကြသည်။ ထိုအချိန်တွင် ဝန်ကြီးတစ်ဦးမှ Shen Qian အား အကြံပြုကာ မင်းသားက ရန်သူထံများ ဆုတ်ခွာရန် ဗျူဟာကို စိတ်ကူးထားပြီးသားဟု ပြောကာ ဧကရာဇ်မင်းမြတ်သည် အလွန်ပျော်ရွှင်ပြီး ကမန်းကတန်း ကြေညာလိုက်သည်။

ကင်မရာက မုရှင်းယု၏ အင်္ကျီကို အရင်အဆုံး အရင်ဆုံးပြသခဲ့ပြီး နောက်မှာ သူ့ဘက်ကိုလှည့်လိုက်တယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now