ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Mulai dari awal
                                    

"ထွက်သွားကြစမ်း မင်းတို့အားလုံး ထွက်သွားကြ။"

မကြာမီပင် ဆေးရုံခန်းအတွင်း လူမရှိတော့ပေ။

ရှစ်ယွမ်ဟောက်က တုန်ရီနေသည့်လက်များဖြင့် သူ့မျက်နှာကို ပွပ်သပ်လိုက်ပြီး သူ၏ဆိုရှယ်မီဒီယာကို ဖွင့်ကြည့်လိုက်သည်။

ဝေးပေါ်၏ နံပါတ်တစ် hot search မှာ "လူထုရန်ပုံငွေစုဆောင်းရေးရွေ့လျားစက်ခါးပတ်" နှင့် နံပါတ်သုံးနေရာတွင် "ကားပါကင်မှ ရီကော့ဒင်း" ဖြစ်ပြီး နံပါတ်နှစ်နေရာမှာ "ကုချန်း cp အတွက် ငါရင်နာတယ်" ဟူ၍ပင်။

လက်မလျော့သေးဘဲ သူက သူ၏ကိုယ်ပိုင်ဝေးပေါ်စာမျက်နှာကို ဖွင့်ကာ လက်မဖြင့် ခပ်မြန်မြန်ပွတ်ဆွဲ၍ကြည့်လိုက်ရာ၊ သူ့ အကောင့်၏ ကောမန့်နေရာများအားလုံးတွင် သူ့ကို အနုပညာလောကမှ ထွက်သွားရန်ပြောဆိုထားသည့် ကောမန့်များနှင့်ပြည့်နှက်နေလေသည်။ တလိမ့်လိမ့်ဒေါသများထွက်လာရပြီး သူက ဖုန်းကို နံရံဆီသို့ ပစ်ပေါက်လိုက်သည်။

သူက ကုတင်ပေါ်တွင် တစ်မိနစ်မျှထိုင်နေပြီးနောက်၊ တောင့်တင်းစွာဖြင့်ကုတင်ပေါ်မှဆင်းကာ၊ ပြတင်းပေါက်အနားသွာ၍ အောက်သို့ငုံ့ကြည့်လိုက်သည်။ သေချာသလောက်ပင်၊ အောက်ထပ်ရှိနေရာတွင် သတင်းထောက်များပြည့်နှက်နေလေသည်။ သူကခြေမခိုင်တော့သဖြင့် ကြမ်း‌ပြင်ပေါ်သို့ပုံလျက်သားကျသွားရသည်။

သူ‌တော့ အဆုံးသတ်သွားရပြီ။

Brighton ဟိုတယ်ရှိ penthouse အခန်းတွင်။

နေ့လည်တစ်နာရီကျော်သည့်အထိ အိပ်နေသည့် ရွှီလော့ယန်က သူ့မျက်လုံးများကိုဖွင့်လိုက်သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် သူ့မျက်လုံးများက စူးအောင့်နေသလိုခံစားရသဖြင့် သူက ကမန်းကတန်းပင် ပြန်၍မျက်လုံးမှိတ်လိုက်ရသည်။

သို့သော် ခဏချင်းပင် သူက.... တစ်စုံတစ်ယောက်ထံမှအပွေ့ဖက်ခံရသည့်ဟန်ဖြစ်နေတာကို သိရှိသွားသည်။

ဖြည်းဖြည်းချင်း မျက်လုံးတစ်ဖက်အားဖွင့်လိုက်ပြီးနောက် ဘေးသို့ခေါင်းလှည့်ကြည့်လိုက်သည့်အခါ၊ တိတ်တဆိတ်နှင့်အိပ်မောကျနေသည့် ချီချန်အန်း၏မျက်နှာကို ရွှီလော့ယန်မြင်လိုက်ရသည်။ ချီချန်အန်း၏လက်များက သူ၏ခါးတစ်ဝိုက်တွင်တင်းတင်းကြပ်ကြပ်ဖက်ထားကာသူတို့ခြေထောက်များက အချင်းချင်းချိတ်တွယ်နေလေ၏။ ချီချန်အန်း၏တည်ငြိမ်သည့်အသက်ရှုသံကိုပင် သူကြားနိုင်လေသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Tempat cerita menjadi hidup. Temukan sekarang