ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Ξεκινήστε από την αρχή
                                    

ထိုအခါမှ ရွှီလော့ယန်သိလိုက်ရတာက သူစိတ်ထဲ၌မျိုသိပ်ထားခဲ့ရတဲ့ အတိတ်ကဖြစ်ရပ်တွေကို ထုတ်ပြောပြဖို့ ထင်သလောက်မခက်ခဲ၊သူ့မျက်လုံးတွေအား လက်ဖြင့်အသာထိတွေ့လိုက်ကာ ဂုဏ်ယူစွာဖြင့် "မျက်လုံးတွေက မားမားနဲ့တော်တော်လေးတူတာလေ နှာခေါင်းကောပဲ"

ချီချန်အန်းက ရယ်သွမ်းသွေးသည့်အသံဖြင့်"အင်း မင်းရဲ့မားမားက သေချာပေါက်လှမှာပဲ"

"အင်း သူမကအတော်လေးကလှတာ၊ သေချာပေါက်ကိုအလှဆုံးပဲ ပြီးတော့ သူတို့နှစ်ယောက်က မူလတန်းကနေအလယ်တန်းအထိ ကျောင်းတူတူတတ်ပြီး တက္ကသိုလ်တစ်ခုတည်းကို ၀င်နိုင်ခဲ့တယ်လေ"

ရွှီလော့ယန်ကဆက်ပြီး "တက္ကသိုလ်ကနေဘွဲ့ရပြီး သိပ်မကြာခင်မှာပဲ ပါးပါးက ပထမဆုံးအကောင်းဆုံးဒါရိုက်တာဆုကိုရပြီး အခမ်းအနားမှာပဲ ဒူးထောက်ပြီးမားမားကို လက်ထပ်ခွင့်တောင်းခဲ့တယ်လေ မားမားက တွေဝေတာမျိုးတောင်မရှိဘဲ 'Yes' လို့ပြောခဲ့တယ်"

ရွှီလော့ယန်ကသဘောတကျရယ်မောလျက်"ကျွန်တော် အဲ့ဒီဆုပေးပွဲအခမ်းအနားရဲ့ ဗီဒီယိုကိုကြည့်လိုက်ရတယ်၊အဲ့ဒီအချိန်တုန်းက မားမားကခေါင်းညိတ်ပြီး'Yes'လို့ပြောလိုက်တော့ ပါးပါးကနေရာမှာတင်ငိုချလိုက်တယ်လေ ငိုတာရပ်တောင်မရပ်နိုင်ဘူး အထူးသဖြင့် သူပုံကငတုံးတစ်ယောက်လိုပဲ "

"မင်းရဲ့ပါးပါးက မားမားကိုအတော်လေးကိုချစ်တာပဲ"

"သေချာပေါက် ဟုတ်တာပေါ့"

ရွှီလော့ယန်ကထောက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"ပြောရရင် မားမားက ကျွန်တော်ကိုအသက်၃၄နှစ်မှာမှမွေးတယ်၊ သူမကအလုပ်ရှုပ်နေလို့ကော သူတို့နှစ်ယောက်လုံးက တစ်နှစ်ပတ်လုံး ရိုက်ကွင်းမှာပဲရှိနေတာကြောင့်ကော ပါးပါးက မားမားကလေးမွေးရင် အရမ်းနာမှာဆိုးလို့ကော ခက်ခက်ခဲခဲကလေးမွေးရင်း သေသွားမှာစိုးတာကြောင့်ကော ကလေးယူဖို့ငြင်းဆန်ခဲ့တယ်လေ၊ နောက်ဆုံး မားမားက ကျွန်တော်ကိုမရမကမွေးခဲ့တာ"

"ခွဲစိတ်အခန်းအပြင်မှာရပ်စောင့်နေတဲ့ပါးပါးက ကျွန်တော်ရဲ့ငိုသံကကြားတာနဲ့ ချက်ချင်းငိုချလိုက်ပြီး ကျွန်တော်ကိုတောင်မှမကြည့်ဘဲ မားမားရဲ့ကုတင်ဘေးကိုပြေးထိုင်ပြီး မျက်ရည်တွေဆက်တိုက်ကျနေခဲ့တာတဲ့"

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Όπου ζουν οι ιστορίες. Ανακάλυψε τώρα