Part-4(ပြောင်းလဲလာခြင်း)

Start from the beginning
                                    

"အာ...ဒီနှာခေါင်းသွေးကတော့ အလိုက်ကိုမသိဘူး" လို့ပြောကာ နှာခေါင်းကိုဆေးကြောသန့်စင်နေလေတယ်။ခနလည်းကြာကော ဂျယ်ယွန်းတစ်ယောက်အခန်းထဲကနေခေါင်းလေးထွက်လာပြီး ဆောင်းဟွန်းရှိ/မရှိကိုခိုးကြည့်နေကာ

"ဘယ်ရောက်သွားပါလိမ့်?" လို့ပြောပြီးအပြင်ကိုထွက်လာတာပေါ့။ထွက်လည်းထွက်လာကော ဆောင်းဟွန်းအခန်းထဲကရေချိုးတဲ့အသံကိုကြားသွားပြီး

"အော်ရေချိုးနေတာပဲ" လို့ပြောကာ မနက်စာစားနေလေတယ်။မိနစ်အနည်းငယ်ကြာတော့ ဆောင်းဟွန်းလည်းသူ့အခန်းထဲက သဘက်တစ်ထည်နဲ့ခေါင်းကိုသုတ်ကာထွက်လာပြီး

"စားနေပြီလား?" လို့မေးတော့ ဂျယ်ယွန်းလည်းမော့ကြည့်လိုက်ပြီး ကျောင်းဝတ်စုံကတူနေတာကြောင့်

"အော်?ကျောင်းဝတ်စုံ?" လို့ကြောင်တောင်တောင်နဲ့မေးတော့လေရဲ့။

"ကျောင်းတူတယ်လေ" လို့ပြောပြီးခေါင်းကိုသဘက်နဲ့နံရံမှာမှီကာ ဆွဲ‌‌ဆောင်မှုရှိရှိသုတ်နေ၍

"ဟုတ်လား?တစ်ခါမှမတွေ့ဖူးသလိုပဲ" လို့ပြောပြီးမနက်စာကိုပဲဆက်စားကာ ဆောင်းဟွန်းကဂျယ်ယွန်းအင်္ကျီတွေကြေနေတာကိုမြင်ပြီး

"ကြေနေပြီလေ လက်နဲ့ဒီလိုသေချာသပ်ပေးရတယ်" လို့ပြောကာအင်္ကျီကိုသေချာဖုန်ခါပြီးပြန့်အောင်လုပ်ပေးနေတာပေါ့။လုပ်ပေးနေရင်း ဆောင်းဟွန်းတစ်ယောက် ပန်းကန်ကိုကြည့်မိလိုက်ပြီး

"နေဦး" လို့ထအော်လိုက်တော့ ဂျယ်ယွန်းလည်းလန့်သွား၍

"အော်?"

"မြေပဲယိုကမင်းနဲ့မတည့်ဘူးလေ" လို့ပြောပြီးပန်းကန်ကို‌ဆွဲယူလိုက်တော့တယ်။ဂျယ်ယွန်းလည်းကြောင်သွားပြီး

"မြေပဲနဲ့မတည့်တာကို ကိုယ်ပဲသိတာလေဘာလို့?ဆောင်းဟွန်းကသိနေတာ?"

"အော်?"

"မြေပဲနဲ့မတည့်တာကို ကိုယ်ပဲသိတာကိုယ်ပဲသိတာလို့"

"အဲ့ဒါက..." လို့ပြောနေချိန်ပဲ ဂျယ်ယွန်းကစိတ်လွတ်ပြီးဆောင်းဟွန်းကော်လံကိုဆွဲလိုက်ပြီး စတင်သောင်းကျန်းတော့တာပေါ့။

𝓯𝓪𝓵𝓵𝓲𝓷𝓰 𝓼𝓽𝓪𝓻 🌠 ✓ || Sungjake 🐧🐶Where stories live. Discover now