Chapter 1-Encountering Failure

Start from the beginning
                                        

" ငါက ကျန်းဟောက် မင်းအခုlibraryထဲကို ဒီစာအုပ်ပိုက်ပြီးဝင်လာတော့ မင်းပြန်အပ်တော့မှာမဟုတ်ဘူးလား?"

ကိုယ်ကလိုချင်နေသူဖြစ်တော့ ကျန်းဟောက်တစ်ထစ်လျှော့ပြီးပြေရာပြေကြောင်းပြောလိုက်သည်။

'လက်စသတ်တော့ ငါ့နေရာယူသွားတဲ့
ကျန်းဟောက်ဆိုတာမင်းကိုး' ဟန်ဘင်း တစ်မနက်လုံး သူ့ကို စိတ်ဒုက္ခပေးနေသူကို မျက်နှာချင်းဆိုင်တွေ့လိုက်ရတော့ ဒေါသတွေပိုဆူပွက်လာသည်။

" ပြန်မအပ်ဘူး မင်းကိုလည်းမငှားနိုင်ဘူး"

ဟန်ဘင်းပြောပြီးတာနဲ့ လှည့်ထွက်လာခဲ့လိုက်သည်။ ကျန်းဟောက်မျက်နှာမြင်ရင် သူ့ဒေါသတွေပိုထွက်လာဖို့ပဲရှိသည်။
ကျန်းဟောက်ကတော့ အစကတော့ ဖော်ရွေသယောင်ပုံနှင့်ပြောပြီး သူ့နာမည်ကြားပြီးစာအုပ်လေးငှားမိရုံနဲ့ ချက်ချင်းဒေါသတွေထွက်ကာလှည့်ထွက်သွားသူရဲ့ကျောပြင်ကို နားမလည်နိုင်စွာကြည့်နေမိသည်။ ဟာအိုသာ ကျောင်းwebsiteကိုကြည့်ခဲ့မိရင်တော့
Roll 2 နေရာက ဆောင်းဟန်ဘင်းဆိုတဲ့ နာမည်ကို သိခဲ့မှာပင်။

ဟန်ဘင်း အတွေးတွေကိုရပ်ကာ အတွင်းရေးမှူးကို BOD အစည်းဝေးခေါ်ဖို့သာပြင်ခိုင်းလိုက်တော့သည်။

Zhang Groupတွင်

"ဥက္ကဌ စီစဉ်ထားတဲ့အတိုင်း launch လုပ်လိုက်နိုင်ပါပြီ။ Customer responseလည်းကောင်းပါတယ် ဒါနဲ့ ဥက္ကဌ supplierတွေကို long-term contractချုပ်ဖို့ ဘယ်လိုစိတ်ကူးရသွားတာလဲ? Sung groupတောင် ဘယ်လိုမှညှိမရဘူးလို့ကြားတယ်"

အတွင်းရေးမှူး ယူဂျင်းက တစ်ချိန်တုန်းကလိုပင် သူ့ကိုအထင်ကြီးလေးစားနေဆဲဖြစ်သည်။

" အခုချိန်က သူတို့မှာdemand အရမ်းနည်းနေတာလေ ငါတို့က ဒီeditionအတွက် short term contractပဲချုပ်မယ်ဆို သူတို့က ဒီprojectပြီးရင် နောက်consumerထပ်ရှာရမှာမို့ သေချာပေါက်ဈေးပိုတောင်းမှာပဲ
အခုငါက long-term contractချုပ်မယ်လို့ညှိခဲ့တော့ သူတို့နဲ့ငါတို့ကpartnerသဘောမျိုး ဖြစ်သွားတယ် ငါတို့အတွက်လည်း supplierခိုင်မာမှုရှိပြီးသားမို့ customer demand တက်ရင်တက်သလို productအသစ်တွေinnovateလုပ်လို့ရတယ်

စီးပွားရေးလုပ်တယ်ဆိုတာ ပိုက်ဆံတစ်ခုတည်းကြည့်လို့မရဘူး ရေရှည်အကျိုးအမြတ်နဲ့ လူ့စိတ်သဘောကိုတွက်ဆနိုင်မှ marketထဲမှာ surviveလုပ်နိုင်မှာ အခုဆို သူတို့အမြင်မှာ ငါတို့အကျိုးအမြတ်ရရင်ရသလို သူတို့လည်းအကျိုးရှိမယ်ဆိုတဲ့အတွေးဝင်သွားပြီ။
Customerတွေ အမြင်မှာလည်း ငါတို့ကlocal businessတွေကိုsupportလုပ်တဲ့ လုပ်ငန်း အဖြစ်နဲ့ positive brand imageရသွားတယ်။

ပြိုင်ဘက်တွေနဲ့ယှဉ်ရင် brand reputation တက်သွားပြီ" ဟာအိုက တော်ရုံစိတ်မရှည်တတ်သော်လည်း ယူဂျင်းကတော့ ညီလေးလိုဖြစ်နေတာမို့ သူ့ပညာတွေကို သေချာ ရှင်းပြပေးလေ့ရှိသည်။

ယူဂျင်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် သူပြောတာကို အာရုံစိုက်နားထောင်နေသည်။

"တစ်ဖက်Sung groupတော့ တော်တော်
ခံရခက်သွားမှာနော်"

ယူဂျင်းတွေးဆဆ ဖြင့်ပြောလာသည်။
Sung group ဆိုသောစကားကြောင့်
ဟာအို့အတွေးထဲတွင် ပြိုင်ဘက်ကြီး​၏ ဒေါသထွက်နေမည့် မျက်နှာကိုမြင်ယောင်ပြီး နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည်။

"အဟင်း သူတို့ညံ့တာသူတို့ခံပေါ့ စီးပွားရေးလောကမှာ လည်သူစားစတမ်းပဲ ငါလုပ်တာ ဘာမှ မသမာတာမပါဘူး ငါတတ်ထားတဲ့စီးပွားပညာကိုသုံးလိုက်ရုံပဲ"

ထိုသို့ပြောလိုက်သော်လည်း Sung groupလည်းသူတို့နဲ့အတော်ဆင်တဲ့projectကို လုပ်ဖို့ရှိတယ်ဆိုတဲ့သတင်းကြောင့် စောပြီး launch လုပ်ဖို့ စီစဉ်လိုက်တာကိုတော့ သူတစ်ယောက်တည်းသာသိလေသည်။ ကျောင်းတုန်းက Business Plan ပြိုင်ပွဲတွင်
Networking skillသာတဲ့ဆောင်းဟန်ဘင်းရဲ့Business Planက အရွေးချယ်ခံခဲ့ရသည်။
ပြိုင်ပွဲတိုင်းပထမနေရာယူခဲ့သော သူ့အတွက်တော့ အတော်ကိုရိုက်ချက်ကြီးခဲ့သည်။ အခုစီးပွားရေးလောကတွင်တော့ သူနိုင်ခဲ့ပြီ။

"ဒီတစ်ပွဲတော့ ငါနိုင်တယ် ဆောင်းဟန်ဘင်း"

25/Feb/2024
A/N တိုသွားမှန်းတော့သိပါတယ် အစဆိုတော့ သိပ်ယုံကြည်မှုမရှိသေးလို့ပါ ဇာတ်လမ်းကဖြည်းဖြည်းချင်းလေးသွားမယ်နော်။ အစပိုင်းမှာတော့နည်းနည်းတော့ပျင်းစရာကောင်းနေမယ်ထင်တယ်။

Binneul AssignmentWhere stories live. Discover now